Home / 2023 / February / 02

Daily Archives: February 2, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၂ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်းဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးရိုးမသည် နိုင်ငံအတွင်း ပထဝီအနေ အထားအရ ဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူး-စစ်တောင်းမြစ်ဝှမ်းဒေသနှင့် မုတ္တမပင်လယ်ကွေ့ဒေသများ၏ ရေဝေရေလဲအတွက် အထောက်အကူဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တမံများ ပေါများခြင်း၊ ကုန်းတွင်းရေဝပ်ဒေသလည်းရှိသဖြင့် ကောင်းမွန်သော ဂေဟစနစ်ပိုင်ဆိုင်ထားကာ စားနပ်ရိက္ခာဖူလုံစေရေး အတွက် အဓိကအရင်းအမြစ်ဒေသတစ်ခုဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် ဒေသခံပြည်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများအတွက် ပံ့ပိုးဖြည့်ဆည်းပေးနေသည့်အပြင် ဌာနေရေပျော်ငှက် များ၊ ကမ္ဘာ့မြောက်ခြမ်းနှင့် တောင်းခြမ်းတို့မှ …

Read More »