Home / 2023 / November / 01

Daily Archives: November 1, 2023

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှု အားပေး

ပဲခူး နိုဝင်ဘာ ၁ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက တိရစ္ဆာန်ကောင်ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာသို့ ရောက်ရှိ ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဝန်ထမ်းများမှ နေအိမ်အလိုက် မွေးမြူထားသည့် တိရစ္ဆာန် အမျိုး အစားအလိုက် ကောင်ရေစာရင်းအား သတ်မှတ်ပုံစံများဖြင့် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်တွင်းအသားစားသုံးမှုတွင် အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော သားငါးရိက္ခာဖူလုံစေရန် ၊ ပြည်တွင်း/ပြည်ပ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်    အရေးပါသည့် တိရစ္ဆာန် ကောင်ရေစာရင်း …

Read More »