Home / 2023 / November / 10

Daily Archives: November 10, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ရာသီအလိုက် စိုက်ပျိုးသီးနှံများ စိုက်ဧက ပြည့်ဝစွာ စိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် မိုးစပါးရိတ်သိမ်းသည့်ရာသီဖြစ်၍ ရိတ်သိမ်းပြီးမိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး၊ ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစရေး အသိပညာပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာမြေများအား ဝယ်ယူထားပြီး အမှန်တကယ် စိုက်ပျိုးမှုမရှိခြင်းနှင့် စနစ်တကျစိုက်ပျိုးမှုမရှိခြင်းများကို လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းအနေဖြင့် မိုးစပါးလျှင် တစ်ဧကတင်း(၁၀၀)၊ နွေစပါး တစ်ဧကတင်း (၁၁၀)ထွက်ရှိနိုင်ရေး အောင်မြင်အောင် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပြီး …

Read More »