Home / 2023 / November / 30

Daily Archives: November 30, 2023

အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး နိုဝင်ဘာ ၃၀ ==================           ပဲခူးမြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ကြီး တို့ကအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) နဖူးစည်းဆိုင်းဘုတ်အား Touching magic Ball ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက စက်မှုအင်ဂျင်နီယာ အလုပ်ရုံနှင့် မြို့ပြအင်ဂျင်နီယာအလုပ်ရုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး လျှပ်စစ်ဆိုင်ရာလက်တွေ့ခန်းများ၊ ရူပဗေဒဆိုင်ရာလက်တွေ့ခန်းများ၊ ဓါတုဗေဒဆိုင်ရာလက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများအား လှည့်လည် ကြည်ရှုခဲ့ကြသည်။           …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၉ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်လေး ကျေးရွာ၊ ကျိုက်ပဒိုင်ရေကြီးရေကွင်းအတွင်း လယ်မြေဧရိယာ(၆၆၀၀)ဧက၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူလယ်သမားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးချနိုင်ရေးနှင့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက် အသိပညာပေးခြင်းများ ပြောကြားခဲ့ကြရာ ဒေသခံ ပြည်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။           ထို့နောက် …

Read More »