ပဲခူး နိုဝင်ဘာ ၄ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်း က သနပ်ပင်မြို့နယ်အတွင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်း ရည်မှန်းချက်ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်ကောင်းမွန်စေရေန်လိုအပ်ကြောင်း၊ တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက် ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စနစ်တကျ လယ်ယာမြေဖော်ထုတ်ပေးခြင်း၊ သက်သာသောနှုန်းထားဖြင့် သွင်းအားစု …
Read More » 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				