ပဲခူး မေ ၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁)ရက်နေ့၊ နံနက်ပိုင်းက အလုပ်သမားနေ့အား အလုပ်အကိုင် အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ဒေသခံပြည်သူများ တစ်နေရာတည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီပြခန်းအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ပြုလုပ် ပေးခြင်းသည် အလုပ်လက်မဲ့များလျော့ပါးလာပြီး မိသားစုဝင်ငွေတိုးတက်စေခြင်း၊ အလုပ်လုပ်ကိုင်နိုင်သူ အားလုံး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website