ပဲခူး မေ ၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကင်းထောက် လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ သင်တန်းတက်ရောက်မည့် ကင်းထောက်ကျောင်းသားလူငယ် မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာပေါ်တွင် ၁၉၀၈ ခုနှစ်မှစတင်၍ ကင်းထောက်အဖွဲ့အစည်းအား စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါ လူငယ်(၅၇)သန်းကျော်သော ကင်းထောက်အဖွဲ့အစည်းများမှာ ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော် တွင် လူငယ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အတွင်းမှာ ယခုသင်တန်းပြီးပါက ကင်းထောက်မောင်မယ်(၃၆၀)ဦးလာမှာဖြစ်ကြောင်း၊ ကင်းထောက်သင်တန်းများမှ အမိမြေကိုချစ်တဲ့ စိတ်၊ ကျေးဇူးသစ္စာကို စောင့်သိတဲ့စိတ်၊ မိမိပါဝင်သည့် အဖွဲ့အစည်းပေါ်မှာ သစ္စာစောင့်သိတဲ့စိတ်၊ ပူးပေါင်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website