ပဲခူး မေ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ မေလ(၇)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီးစိုက် ဧရိယာအတွင်း နွေစပါးစံပြစိုက်ခင်း၌ သက်တမ်းတို “ရွှေရည်တိုး”စပါး မျိုးစေ့ထုတ် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် တွက်ခြေ ကိုက်ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်သဖြင့် “အောင်နိုင်တိုး” စပါးကဲ့သို့ မျိုးစေ့ထုတ် စိုက်ခင်းများ မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ကျိုက်လှကျေးရွာအုပ်စုအတွင်း မြေဆီလွှာထက်သန်စေရေးအတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ပိုက်ဆံလျှော် မျိုးစေ့များ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် …
Read More »