ဒိုက်ဦး မေ ၉ ဒိုက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် (ဒုတိယ)အကြိမ် တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———-
Read More »Daily Archives: May 8, 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး မေ ၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် မေလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမို ဖွံဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်စု၌ ဦးမင်းလွင်၏ ဥစားဘဲကောင်ရေ(၂၀၀၀)အား သဘာဝလယ်ကွင်းအစာဖြင့် မွေးမြူထားရှိမှုနှင့် အသားစား ကြက်ကောင်ရေ(၄၀၀၀) မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝအစားအစာဖြင့် မွေးမြူနိုင် မှသာ အသား/ဥ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်မှာဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင် မွေးမြူရေး အစာပြုလုပ်၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင် ဦးဂျေး၏ ဒေသဆိတ်ကောင်ရေ (၁၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝရိုးချောင်းများရှိခြင်း၊ ဗေဒါပင်များ ပေါများခြင်း တို့ကြောင့် …
Read More »