ပဲခူး မေလ ၂၅ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနား အား မေလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစား ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အနာဂတ်နိုင်ငံတော်တွင် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွက် လာစေ ရေးအတွက် အားကစားနည်းအလိုက် ဗီဇပါရမီ ရင့်သန်၍ အောင်မြင်မှုအလားအလာရှိသည့် ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် နွေရာသီအဆင့်မြင့် အားကစား သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တန်ဖိုးရှိသည့် လူတော်လူကောင်းများ ဖြစ်လာစေရေး မိဘ အုပ်ထိန်းသူများအနေဖြင့် မိမိတို့ရဲ့ရင်သွေးငယ်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက်အားကစား …
Read More »