Home / 2025 / May / 26

Daily Archives: May 26, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး မေ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၆)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအမှတ်စဉ်(၂/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအပ် ရာသီစတင်နေပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ စာတတ်မြောက်မှုရာခိုင်နှုန်းသည် တန်းစဉ်ကူးပြောင်းတက်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျ သဖြင့် တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်း တိုးတက်စေရေးနှင့် ကျောင်းပြင်ပ ပညာသင်ကြားရေးစနစ်များ တိုးချဲ့ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးရာသီဖြစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများအားလုံး မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု(၂၁၁.၂၁)ရာခိုင်နှုန်းရှိသော်လည်း နှမ်းနှင့် နေကြာ သီးနှံအား ပန်းတိုင်အထွက်နှုန်းရရှိစေရေး …

Read More »