Home / 2026 / July / 28

Daily Archives: July 28, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူခရိုင် အထူးဒေသ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ ဇူလိုင် ၂၈            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် အထူးဒေသ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ မြို့လှမြို့ရှိ ဦးကျော်ကျော်နိုင်၏ ဝါးတူ၊ တစ်ရှုးစက္ကူလိပ် ထုတ်လုပ်နေမှု ဟော်လန်အာလူးမျိုး မျိုးထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ကြာဇံစက်လည်ပတ် ဆောင်ရွက်မည့် အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး မြို့လှမြို့၊ ချောင်းမကြီးရပ်ကွက်ရှိ အသက်(၁၁၈)နှစ်ပြည့်ပြီးဖြစ်သည့် အဖွားဒေါ်ဖာတမာအား သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။             ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအုပ်စုရှိ ဦးဉာဏ်ဝင်း စက္ကူထုတ်လုပ်မည့် စက်ရုံ၌ စက်ပစ္စည်းတပ်ဆင်နေမှုနှင့် တစ်ရက်တန်(၅၀)ကျ “ကျော်မိုးနိုင် …

Read More »