Home / 2026 / July / 24

Daily Archives: July 24, 2026

ပဲခူးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၂၄           ပဲခူးတက္ကသိုလ် ဘက်စုံအားကစားခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက အမျိုးသားပြိုင်ပွဲအနေဖြင့် သတ္တဗေဒဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်း တို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုနှင့် အမျိုးသမီးပြိုင်ပွဲအနေဖြင့် သတ္တဗေဒအသင်းနှင့် သင်္ချာဘာသာရပ် အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၄           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေး၊ မွေးမြူရေး ဒေသထွက် ကုန်ကြမ်းပစ္စည်းများ အခြေပြုပြီး MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ပြည်ပသွင်းကုန်အစားထိုး တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုး မြှင့်ထုတ်ကုန်များ ပြည်ပသို့ပြန်လည်တင်ပို့နိုင်ရေး ရည်ရွယ်ချက်များဖြင့် MSME Talk Show များကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ အားသာချက်၊ အားနည်းချက်များကို မျှဝေခြင်းဖြင့် စုပေါင်းအဖြေရှာခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ် သလို လုပ်ငန်းရှင်များကလည်း …

Read More »