Home / 2026 / July / 11

Daily Archives: July 11, 2026

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၁၁            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  နှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် စုပေါင်းမိုးစပါးစိုက်ပျိုးနေမှု သွားရောက်ကြည့်ရှု အားပေးခဲ့သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချသုံးစွဲနိုင်ရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာထုတ်လုပ် သုံးစွဲရန်၊ ကြားသီးနှံအဖြစ် ပဲတစ်မျိုးမျိုးစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီ စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ပြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဇူလိုင် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် အတွင်း/အပြင်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆေးကုသဆောင်အတွင်း လေဝင်လေထွက်ကောင်းမွန်စေရေး၊ အရိပ်ရအကြီးမြန်သစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အများနှင့်သက်ဆိုင်သည့် ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား သွားရောက် ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၁၁           ပဲခူးမြစ်အတွင်း၌ မီသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိန်ကာလအလျောက် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင် ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းစသည်တို့က ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိသဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှု အားကောင်းရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်လေ့ရှိသော ဘေးအန္တရာယ်များကို ဆန်းစစ်ပြီး ကြိုတင်စီမံဆောင်ရွက်ထားကြရန်နှင့် ပြည်သူများက လည်း နိုးကြားတက်ကြွစွာ ပါဝင်ပူးဆောင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် …

Read More »