Home / 2026 / July / 23

Daily Archives: July 23, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇူလိုင် ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတကော်)၌ ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့၏ ရက်(၁၀၀)လမင်း စီမံချက်အရ ကျောင်းသား/သူ(၂၇၂)ဦးအား “နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ထုတ်ပေးခြင်းအခမ်းအနား” သို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID များ ပေးအပ်ခဲ့ကြပြီး ကျောင်းအုပ် ဆရာမကြီးနှင့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ  ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ …

Read More »