ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒေသတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆တွင် ပဲခူးတိုင်းဒေသကြီး၏မြို့တော် ပဲခူးမြို့ကို နှစ်လိုဖွယ်ရာမြို့(City of Charm)အစီအစဉ်တွင် မိတ်ဆက်ပြသခြင်း ပြခန်းတွင် ပဲခူးတိုင်း ဒေသကြီးမှ သမီးပျိုများက ပျူယဉ်ကျေးမှုအက၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသင်္ကြန်အကနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် ပဲခူးတိုင်းဒေသကြီး၏ …
Read More »Monthly Archives: September 2026
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများက မိတ်ဆက်ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ ရခိုင်ပြည်နယ်အသင်း၊ နေပြည်တော်ကောင်စီအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ နည်းပြနှင့်အုပ်ချုပ်သူများထံ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး/ ပြည်နယ် …
Read More »ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နိုင်ငံလုံး အမှတ် အများဆုံးရရှိသည့် ကျောင်းသား/ကျောင်းသူ(၅)ဦးနှင့် (၆)ဘာသာဂုဏ်ထူးရရှိသူ(၉)ဦးအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က (၆)ဘာသာဂုဏ်ထူးရရှိသူ(၆)ဦးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေအား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက (၆)ဘာသာ၊ (၅)ဘာသာ …
Read More »ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆု၊ အထူးဆုရရှိသူများကိုသာမက အနုပညာရပ်များအပေါ် မြတ်နိုးတန်ဖိုးထားပြီး စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့ကျင့်လိုစိတ်ရှိနေစေရေးအတွက် အခြားပြိုင်ပွဲ ဝင်များကိုလည်း ထိုက်တန်သည့်ချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အဆင့်မှ ရွေးချယ်ခံထားရသူများအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် အဆင့်အတန်း ပိုမိုမြင့်မားသဖြင့် အမှတ်ပေး စံနှုန်းများနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆိုကပြ ယှဉ်ပြိုင်နိုင်မှသာ ထိုက်တန်သည့် …
Read More »(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၉)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ပဲခူးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားများ၏ …
Read More »(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ စက်တင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ပဲခူးမြို့၊ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင်(၁၅၀)ဦးကျော်မှ စုပေါင်းသွေးလှူဒါန်းနေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် လာရောက်သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များအား …
Read More »ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “စာတတ်မြောက်ခြင်း” သည် လူတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် “ဘယ်သူမှ နောက်ချန်မကျန်ရစ်စေရေး”ဆိုတဲ့ မူဝါဒကို အဓိကထား၍ ကျောင်းနေအရွယ်ကလေးတိုင်း အရည်အသွေးရှိတဲ့ အခြေခံပညာရေးရရှိစေရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ကျောင်းစနစ်အတွင်း မသင်ကြားနိုင်တဲ့ ကျောင်းပြင်ပရောက်ကလေးများအတွက် ကျောင်းပြင်ပပညာရေးနှင့် စဉ်ဆက်မပြတ်သင်ယူခွင့် အခွင့် အလမ်းများကိုလည်း အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသလို ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်းပညာရေး အတန်းနေရာချထားစစ်ဆေးမှု Placement Test အထူးအစီအစဉ်ကို လည်း ဖော်ဆောင်ပေးခဲ့ကြောင်း၊ အတတ်ပညာမရှိလျှင် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင် ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သံပုရာခုန်ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း ၂ စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ စိုက်ရာသီတွင် ဆီထွက်သီးနှံပဲပုပ်စိုက်ပျိုးနိုင်ရေးနှင့် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပြီး သွင်းအားစုများ ပေးအပ် ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ (၃)ရပ်ကွက်ရှိ လုပ်ငန်းရှင်ဦးရဲဇာနည်၏ “သပြေရိပ်” လယ်ယာသုံးစက်ကိရိယာအလုပ်ရုံမှ ထွန်စက်နောက်တွဲ ဘက်စုံသုံးဆေးဖြန်းစက်နှင့် ထွန်းယက်စက် အမျိုးမျိုးထုတ်လုပ်နေမှုအား …
Read More »ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရန်အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား စက်တင်ဘာလ ၅ ရက်နေ့၊ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုကာလသည် မိုးသည်းထန်စွာရွာ သွန်းလျက်ရှိပြီး မိုးစပါးအပါအဝင် အခြားမိုးသီးနှံများ ရိတ်သိမ်းလျက်ရှိသည့် အချိန်အခါဖြစ်၍ လေ့လွင့်မှု နှင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများအပြင် စားသုံးမှုအရည်အသွေးကောင်းမွန်သည့် ဒေသမျိုး တောင်ပျံမွှေး၊ ငကျွဲမွှေးနှင့် ပေါ်ကျွဲမွှေးစပါးမျိုးများကိုလည်း မျိုးသန့်ခြင်း၊ မျိုးပွှားခြင်းများ တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီသည့် အောင်နိုင်တိုး စပါးမျိုးများ မျိုးသန့်မျိုးပွှားခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းများ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website