Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀

================

ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဌာနီသီချင်းဖြင့် ကပြဖျော်ဖြေနေမှု အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၄)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ၏ ပြခန်း(၁၆)ခန်းနှင့် တိုင်းရင်းသား အစားအစာ အရောင်းပြခန်း (၂၄)ခန်းတို့အား လှည့်လည်ကြည်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြခန်းများတွင် ဒေသထွက် ဝါး၊ သစ်သား လက်မှုပစ္စည်းများ၊ သံရည်ကြိုပုံသွင်း လောင်းထားသည့် သံထည်ပစ္စည်းများ၊ တန်ဖိုးမြှင့် ရေရှည်စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများအတွက် ပြန်လည်ပြုပြင် အဆင့်မြှင့်ထားသည့် လက်ကိုင်ရှည်ထွန်စက်(Upland Tiller)များ ထည့်သွင်းပြသထားကြောင်း သတင်းရရှိသည်။