Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ကြုံတွေ့နိုင်မှာဖြစ်သည့်အတွက် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးကို ဦးစားပေးဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းအပြင် တာများ၏ သတ်မှတ်အမြင့်ပေ ရှိ/မရှိ ကွင်းဆင်းစိစစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ များ ပြန်လည်ကျဆင်းနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြိီဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်/ပျက်စီးခဲ့သည့် စာရင်းဇယား များ ကောက်ခံရာတွင် အောက်ခြေကွင်းဆင်း၍ မှန်ကန်သည့် အချက်အလက်များဖြစ်စေရန် အထူး အလေးထား ဆောင်ရွက်သွားရမှာဖြစ်ပြီး ရေဘေးသင့်ဒေသများရှိ ပြည်သူများ၏ ပျက်စီးခဲ့သည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ချက်ချင်ပြန်လည်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ပေးအပ်ထားသည့် ကော်မတီအလိုက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထိုနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကော်မတီအလိုက် တောင်ငူခရိုင် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ဆောင်ရွက်ပေးခဲ့သည့် ကူညီကယ်ဆယ်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ရေဘေး သင့်ပြည်သူများ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာအခြေအနေများနှင့် ပြန်လည်ထူထောင် ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် အသီးသီး အကြံပြုတင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့ဝင် များက ပြန်လည်ထူထောင်ရေးနှင့် ထိခိုက်ပျက်စီးမှုဆိုင်ရာ စာရင်းဇယားကောက်ယူရေးဆိုင်ရာ အချက် အလက်များအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။