ပဲခူး နိုဝင်ဘာ ၂၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား ပဲခူးတက္ကသိုလ်မှ ကျောင်းသား/သူများက “လူငယ်စွမ်းရည်” သီချင်း ဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို တိုင်းဒေသကြီးကိုယ်စားပြု အားကစား မောင်/မယ်များအား အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ရန်အတွက် စိတ်ဓါတ် ခွန်အား ပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရ မည့် အားကစာနည်းအလိုက် အောင်နိုင်လိုစိတ်များ ပြင်းပြနေရန်လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ကို လေးစားလိုက်နာကာ အားကစားသမားကောင်းပီသစွာ ပြုမူနေထိုင်သွားရန်နှင့် အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်ဖြင့် ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိနိုင်ရေး ယှဉ်ပြိုင်သွားကြရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားအဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများဖြစ်လာစေ ရေး အစွမ်းကုန်ကြိုးစားသွားကြရန်နှင့် အားကစားနည်းအလိုက် အောင်မြင်မှုများရရှိခဲ့ပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့ အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က လက်ခံ ရယူခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကာ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြုအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးမှ အားကစားနည်း(၂၄)မျိုးတွင် အားကစားသမား(၅၇၆)ဦး အား နည်းပြအုပ်ချုပ်သူ(၁၂၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။