Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများမှ အခွန် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများမှ အခွန် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့်လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိ ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခွန်ကောက်ခံရရှိမှုသည် တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပုံဖော်နိုင်သည့်ကဏ္ဍတစ်ရပ်ဖြစ်၍ ရသင့်ရထိုက် သည့် အခွန်များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ရေးနှင့် ညီညွှတ်မျှတသော အခွန်အခများရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ခရိုင်/မြို့နယ်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့များက အခွန်ကောက်ခံရရှိမှုများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် အခွန်ပုန်း၊ အခွန်ရှောင်များကို ထိထိရောက်ရောက် ဖော်ထုတ်ကောက်ခံသွားရမှာဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရန် အခွန်အမျိုးအစား(၅)မျိုးအပေါ် မူလလျာထားချက် အပေါ် (၈၁)ရာခိုင်နှုန်း ကောက်ခံရရှိထားပြီးဖြစ်၍ ကျန်ရှိသည့်လများတွင် လျာထားချက်ပြည့်မီ ကျော်လွန်အောင် ကြိုးစားကောက်ခံသွားကြစေလိုကြောင်း၊ ပြည်သူများတွင်လည်း အခွန်ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် မြို့နယ်အခွန်ဦးစီးမှူးများက တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ပေး နိုင်ရေးအတွက် အခွန်အရပ်ရပ်တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ဆောင်ရွက်ရမည့်လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိရေး ကြိုးစားဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နှစ်အလိုက် လျာထား အခွန်ဘဏ္ဍာများ တိုးတက်ကောက်ခံရရှိခဲ့မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးပြည်တွင်း အခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံ ရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ဆောင်ရွက်ရမည့် လုပ်ငန်းများမှအခွန် တိုးတက် ကောက်ခံရရှိရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်အား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် အခွန် ဘဏ္ဍာငွေ တိုးတက်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အခွန်အရပ်ရပ် တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိရေး ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းတစ်ခုချင်းအလိုက် အခွန်ဝင်ငွေတိုးတက်ရရှိရေး ဆောင်ရွက်သွားရ မည့် နည်းလမ်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။