Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂.၂၈) သန်းဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂.၂၈) သန်းဝင်ရောက်ခဲ့

ပဲခူး ဒီဇင်ဘာ ၁၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက  ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်သည့် စက်ရုံ/အလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် CMP စနစ်လုပ်ငန်းများ၊ တိရစ္ဆာန်အစာထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသွင်းအားစုထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ် ဓါတ်အားထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဆိုလာစနစ်အသုံးပြုသည့်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ခွင့်ပြုပေးထားသည့် စက်ရုံ/အလုပ် ရုံများ သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးရန်လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မီးခိုးမထွက်သည့်စက်ရုံတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း များများရရှိသည့် ခရီးသွား ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက်ရရှိရေး ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ(၅)ရပ်အနက် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် လယ်ယာကဏ္ဍများလည်း တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး က ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တိုးခြင်း(၁)ခု၊ မြန်မာနိုင်ငံသားကုမ္ပဏီ(၂)ခုမှ လျှပ်စစ်သုံး မော်တော်ယာဉ်နှင့် နှစ်ဘီး၊ သုံးဘီးတပ်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ မတည်ရင်းနှီ ငွေ ပမာဏတိုးမြှင့်ခြင်းလုပ်ငန်း(၁)ခု၊ လုပ်သားအင်အားတိုးမြှင့်ခန့်ထားခြင်းလုပ်ငန်း(၁)ခုနှင့် တည်ဆောက် ရေးကာလတိုးမြှင့်ခြင်းလုပ်ငန်း(၁)ခုတို့၏ လုပ်ငန်းအမှုတွဲများအား Power Point ဖြင့် အသေးစိတ်ရှင်း လင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများနှင့်ပတ်သက်၍ စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေးနှင့် မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ကြ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြလာသည့် အမှုတွဲတစ်ခုချင်းအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ(၀.၅၈၆)သန်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၂)ခုမှ အမေရိကန်ဒေါ်လာ(၁.၆၉၄)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ(၂.၂၈)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း (၁၄၀)ဦး ဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၀၁.၈၀၂)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း(၁၀၆၈၄၃.၈၃၂)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၂၈၅၇)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။