ပဲခူး မတ် ၁၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ အုပ်စု၊ အထက- တပ်နယ်၊ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၁၀၇)ဦးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/သူ (၂၃၁)ဦးနှင့်အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ (၃၅၆)ဦးတို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာ လုံခြုံရေး အထူးဂရုစိုက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။