Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်

ပဲခူး ဧပြီ ၂၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၅)ရက်နေ့၊ နံနက် ပိုင်း တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အား အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူ၍ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေ သည့် တိုင်းဒေသကြီးအတွင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ဆန်အပါအဝင် စာသုံးကုန်(၇)မျိုးကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူ့လူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တပ်ရင်းတပ်ဖွဲ့ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များက မိမိတို့၏ ကျရာတာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အစွမ်းကုန်ကြိုးပမ်းကာ အလေးထားဆောင်ရွက်သွား ရမှာဖြစ်ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သည့် လူပုဂ္ဂိုလ်များကို နှစ်စဉ်ထိုက်ထိုက် တန်တန် ချီးမြှောက်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ဆန်အပါအဝင် စာသုံးကုန်(၇)မျိုးအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ရာ တာဝန်ရှိသူများအသီးသီးက လက်ခံရယူ ခဲ့ကြသည်။

          အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးအတွင်းရှိ ပေးအပ်ရာတာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စုစုပေါင်း(၃၂၇၂)ဦးအတွက် ငွေကျပ်(၂၈၇၀,၄၉,၇၆၀)တန်ဖိုးရှိဆန်၊ ဆီ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကုလားပဲ၊ ဆား၊ အသင့်စားငါးပိဗူး ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။