Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၁

          ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးမြို့ အားကစား ဥယျာဉ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ အမျိုးသား(-၅၀)ကီလိုတန်း၊ အမျိုးသမီး(-၄၅)ကီလိုတန်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဂျူဒိုအားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြ သည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား(-၃၈)ကီလိုတန်း၊ အမျိုးသမီး  (-၃၈) ကီလိုတန်းတို့တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ၊ အမျိုးသား”ခတ”ပြိုင်ပွဲ၊ အမျိုးသမီး”ခတ” ပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ၊ အမျိုးသား(-၆၀)ကီလိုတန်း၊(-၆၆)ကီလိုတန်း၊ (-၇၃) ကီလိုတန်း၊(+၇၃)ကီလိုတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ၊ အမျိုးသမီး(-၅၂)ကီလိုတန်း၊ (-၅၇) ကီလိုတန်း၊ (-၆၃)ကီလိုတန်း၊ (+၆၃)ကီလိုတန်းတို့တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ၊ အမျိုးသား(-၄၂)ကီလိုတန်း၊ (-၄၅)ကီလိုတန်း၊ (-၅၅)ကီလိုတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများ၊ အမျိုးသမီး(-၄၂)ကီလိုတန်း၊ (-၄၈)ကီလိုတန်း၊ အမျိုးသား(-၅၀)ကီလိုတန်း၊ (-၄၅)ကီလိုတန်း တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် ဝန်ကြီးများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

         ထို့နောက် အမျိုးသား/အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသော ကချင်ပြည်နယ်အသင်း၊ ဒုတိယရရှိသော ရှမ်းပြည်နယ်အသင်း၊ ပူးတွဲတတိယရရှိကြသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ကလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံး အားကစားဆုရရှိသည့်(-၄၅)ကီလိုတန်းတွင် ကချင်ပြည်နယ် မှ မမေဇင်ဖြိုးနှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသည့် (-၅၀)ကီလိုတန်း ရန်ကုန် တိုင်းဒေသကြီးမှ မောင်ခိုင်ခန့်တို့အား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

        ယင်းနောက် ကြေးတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁) ခု၊ ရွှေတံဆိပ်(၄)ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသော ကချင်ပြည်နယ်အသင်းအား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က တံခွန်စိုက်ဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ ကြေးတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)၊ ရွှေတံဆိပ်(၄)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စုပေါင်း တံခွန်စိုက် ဆုဖလားပူးတွဲရရှိသော ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စုပေါင်းတံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။