Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၈

          ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ ဦးတည်ချက်(၄)ရပ်အနက် နောက်ဆုံးအချက်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ် လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက် လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး”ဟု ပါရှိသဖြင့် အစိုးရ အဖွဲ့အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မဲရုံလျာထားသတ်မှတ်ချက် များအတိုင်း လုံခြုံရေးစီမံချက်များ စနစ်တကျရေးဆွဲထားရန်နှင့် မဲစာရင်းများအား ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အများပြည်သူသိရှိစေရေး ကြေငြာဘုတ်ကပ်ရာတွင် ဖျက်စီးခံရမှုမရှိစေရေး အလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်စာရင်းများ ထုတ်ပြန်ကြေငြာပြီးပါက မဲဆွယ် စည်းရုံးစဉ်ကာလအတွင်း ဆောင်ရွက်ရမည့် အပိုင်းလိုက်လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း ကြိုတင်ပြင်ဆင် ထားရမှာဖြစ်ကြောင်း၊ ပထမအကြိမ် မဲစာရင်းအား ကြေငြာပြီးစီးပြီဖြစ်၍ ဒုတိယအကြိမ်မဲစာရင်းထပ်မံ မကြေငြာမီ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကျန်ရှိမှုမရှိစေရေး ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ များနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမှာဖြစ်ပြီး သတ်မှတ်ပုံစံများ ဖြည့်စွက်မှုမှန်ကန်စေရေး အားလုံးပေါင်းစပ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိမှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှု အခြေအနေများကိုလည်း ကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက မြို့နယ်အလိုက် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးနှင့် ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ မဲစာရင်း ဆိုင်ရာကိစ္စရပ်များနှင့် ပထမအကြိမ်မဲစာရင်းမပါရှိသူများ ဥပဒေနှင့်အညီ ပြန်လည်လျောက်ထားနိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက မဲရုံလုံခြုံရေးနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့မ ဈေးကြီးနှင့် အမှတ်(၂)ရပ်ကွက်များသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေ မှုနှင့် မဲပေးစက် အသုံးပြုပုံသရုပ်ပြခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဥပဒေနှင့်အညီ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိနိုင်ရေးနှင့် မဲစာရင်းကျန်ရှိမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။