ပဲခူး နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူး မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်)သို့ ရောက်ရှိခဲ့ပြီး “ရာဘာနှင့်ကြားသီးနှံစိုက်ခင်း” ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)နှင့် ကိုကိုးသီးနှံ ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကော်ဖီပျိုးပင်အား စိုက်ပျိုးပေးခဲ့ကာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်တို့မှ နှစ်ရှည်သီးနှံစိုက်ပျိုးသည့် ခြံပိုင်ရှင်များခေါ်ယူ၍ အသိပညာ ပေးရန်၊ ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး နိုင်ငံအသီးသီးမှ စိုက်ပျိုး လျက်ရှိသည့် စက်မှုကုန်ကြမ်း သီးနှံရာဘာပင်များအား မျိုးကိုင်းပွားနည်းဖြင့် မျိုးထိန်းသိမ်း စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ရှင်းလင်းဆောင်၌ ခြံတာဝန်ခံဦးတင့်လွင်ဦးက နှစ်ရှည်ပင်များ သုတေ သနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(အင်းတကော်)၏ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်ရှည်သီးနှံရာဘာအပြင် အခြားနှစ်ရှည်သီးနှံပင်များကိုလည်း သုတေသနပြု စမ်းသပ်စိုက်ပျိုးရန်၊ ကြားသီးနှံအဖြစ် ဝဥစိုက်ပျိုးသွားရန်နှင့် မြေလွတ်နေရာများတွင် ဒေသ ကြက်မွေးမြူသွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ တာဝဘူတာ ကျေးရွာအဝင်၌ ဆွေးမြေ့နေသည့် သစ်သားတံတားအရှည်(၉၀)ပေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အရှည်(၁၂၀)ပေ တစ်လွှာတစ်ထပ်သံဘေလီတံတား ချက်ခြင်းတည်ဆောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တာဝဘူတာကျေးရွာအလယ်တန်းသို့ သွားရောက်၍ ကျောင်းသား/သူ အား အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဆရာ/ဆရာမများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ တာဝဘူတာကျေးရွာ၊ ဇလပ်ထော် ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကန်တော့၍ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ အသိ ပညာပေးပြောကြားခဲ့သည်။ ၎င်းနောက် တောင်ပို့တရာအဝင်တံတား အောက်ခြေကြမ်းခင်းကျိုးပျက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ တောင်ပို့တရာကျေးရွာသို့ ရောက်ရှိခဲ့ ပြီး ဦးကြည်လွင်နှင့် ဦးမြင့်အောင်တို့၏ ရိုးရာအိုးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့ရိုးရာလက်မှု လုပ်ငန်း မပပျောက်စေရေး အားပေးမြှင့်တင်သွားရန်၊ ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်ရန်နှင့် ချေးငွေရရှိ နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website