ပဲခူး အောက်တိုဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိုးသီးနှံရိတ်သိမ်း သည့် ကာလဖြစ်သော်လည်း ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံလျာထားဧကများ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြေအစိုဓါတ်ရှိချိန် အချိန်မီစိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ ချောင်းပိတ်/မြောင်းပိတ်များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်၍ စိုက်ပျိုးရေအား အကျိုးရှိရှိသုံးစွဲကြရန် ဖြစ်ကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံစေရေးအတွက် လအလိုက် တိုးချဲ့မွေးမြူသွားရမည့် စီမံချက်ပါအတိုင်း မွေးမြူနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စားဖိုဆောင်သီးနှံများကိုလည်း နေအိမ်အလိုက် စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်သလို ဒေသတွင်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website