တောင်ငူ အောက်တိုဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ် အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နည်းပညာတက္ကသိုလ်(တောင်ငူ)သို့ ရောက်ရှိခဲ့ကာ တာဝန်ခံဆရာမကြီးက နည်းပညာတက္ကသိုလ်(တောင်ငူ)ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နည်းပညာတက္ကသိုလ်(တောင်ငူ)ရှိ စာကြည့်တိုက်သို့ သွားရောက်ခဲ့ကာ သုတရသစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စာတွေ့လက်တွေ့ သင်ကြားရေးဆောင်များနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာ အုပ်စု၊ ကျွဲကူးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ဒေါ်ခင်နှင်းဦး၏ ဥစားကြက်ကောင်ရေ(၂၀၀၀၀) မွေးမြူထားရှိမှုအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website