Home / 2026 / October / 05

Daily Archives: October 5, 2026

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများ နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးပညာရေးမှူးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၄)၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ထို့နောက် ကျောင်းသား/သူများက “အာစရိယဂုဏော အနန္တော” သီချင်းနှင့် “တို့ဆရာ” သီချင်း တို့အား သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး …

Read More »