Home / 2026 / October / 01

Daily Archives: October 1, 2026

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သက်ကြီးပုဂ္ဂိုလ်များ၏အရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး သက်ကြီးပုဂ္ဂိုလ်များအပေါ် လေးစားကြည်ညိုတတ်သော မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းကြစေလို ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှ(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိသော အသက်(၁၁၈) နှစ်ရှိ အဖွား ဒေါ်ဖာတမာနှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၁           ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ထံမှ ပေးပို့သည့် (၆၂)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲသီချင်းနှင့် ဇာတိမာန်”သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်ရရှိသည့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှှူး ရဲမှူးကြီး တင်မျိုးထူး၊ …

Read More »