Home / 2026 / October / 10

Daily Archives: October 10, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ အောက်တိုဘာ ၁၀               ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။                ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ ရှေးဟောင်း ကျုံးမြောက်ဘက် ရေထုတ်ပြွန်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။              ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရှေးဟောင်းဘုတ်တလုပ်ရေကန် အဆင့်မြှင့်တင်ဖော်ထုတ်နေမှုနှင့် ကေတုမတီနန်းမြို့နှင့်နန်းတော်ရာဟောင်း တူးဖော်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး အနောက်ဘက်ကျုံးနှင့် တောင်ဘက်ကျုံး တို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ကေတုမတီမြို့ဟောင်း ယိုးဒယားပေါက် ပြန်လည်ထိန်းသိမ်းထားရှိမှုနှင့် ပေါရိသာဒ် တံခါးပေါက်ရှေ့ ကျုံးရေပြင်အတွင်း  တူးဖော် ရရှိသည့် ရှေးဟောင်းကျုံးကူးတံတားဟောင်း၏ ကျွန်းတိုင်လုံးများ ကြည့်ရှုစစ်ဆေးခဲ့ပြီး …

Read More »