Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေ ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေ ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လယ်ယာမြေများ ရေကြီးနစ်မြှုပ်လျက်ရှိရာ သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး ပြန်လည်ကုစားခြင်းကို ဘက်ပေါင်းစုံမှ  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့အစဉ်အလာ နှင့် ကိုက်ညီသော တစ်ကွင်းတစ်ဆက်တည်း စုပေါင်းစိုက်ပျိုးသည့်စနစ် ဖော်ဆောင်နိုင်ရေး စည်းရုံးဆောင် ရွက်ကြရန်နှင့် ယင်းစနစ်ဖြစ်ပေါ်လာပါက မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် စိုက်ပျိုးရေရရှိရေးတို့ကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ပြီး သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းများတိုးတက်လာနိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူအဆင့်ဆင့်က မိမိတို့ဒေသအလိုက် စိုက်ပျိုးထားသည့် သီးနှံအမျိုး အစားအလိုက် စိုက်ဧက၊ စိုက်ပျိုးသည့်မြေအမျိုးစား၊ အထွက်နှုန်းတို့ကို တိကျမှန်ကန်စွာ တင်ပြပေးရန် ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖွင့်ထားပေးရသည့် ချောင်းပိတ်/မြောင်းပိတ်နေရာများအား ဆောင်းသီးနှံနှင့် နွေစပါးသတ်မှတ်ဧကအတိုင်း အပြည့်အဝ စိုက်ပျိုးနိုင်ရေး အချိန်မီပြန်လည်ပိတ်ထားနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ် အလိုက် ရွာသွန်းခဲ့သည့် မိုးရေချိန်၊ လယ်ယာမြေများ ရေဝင်ရောက်မှုနှင့် သီးနှံထိခိုက်ပျက်စီးမှုအခြေအနေ ပေါ်မူတည်၍ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် များက စိုက်ပျိုးသီးနှံများအလိုက် ရေဝင်ရောက်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်းမရှိစေရေး ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်အလက်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။