Home / Bago Manager ZWL (page 91)

Bago Manager ZWL

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် ခေါ်ယူနေခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်——– အပြည့်အစုံကြည့်ရှုရန်———————-  

Read More »

လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်တင်ဒါခေါ်ယူခြင်း

လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် ခေါ်ယူနေခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်——– အပြည့်အစုံကြည့်ရှုရန်———————-

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၁၅/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၅/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ရုံးပိတ်ရက်ရှည်ကာလအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအတွက် ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်(၁၅) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆေးရုံများနှင့် ပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက် အချိန်မီဖြည့်ဆည်းပေးနိုင်ရေး  ဆောင်ရွက်ပေးလျက်ရှိ

ပဲခူး ဩဂုတ် ၁ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးဝန်းအတွင်း၌ တည်ဆောက်ထားသည့် Liquid Oxygen Tank Station သို့ Liquid Oxygen (၂၀)တန် ထည့်သွင်းနေမှုအား သွားရောက် ကြည့်ရှုခဲ့ပြီး လုံခြုံရေး၊ မီးဘေးအန္တရာယ်နှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့်ဆောင်ရွက်သော  Liquid Oxygen Tank Station သည် ဇူလိုင်လ(၂၈) ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပြီး အောက်စီဂျင် ထုတ်လုပ်ရန် လိုအပ်သော Liquid Oxygen (၂၀)တန်အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီစဉ်ဖြင့် ထိုင်းနိုင်ငံမှ မှာယူတင်သွင်းခဲ့ခြင်းဖြစ်သည်။      ၎င်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိခဲ့ပြီး ပဓာနနာယက ဆရာတော်အား ဖူးမြော် ကန့်တော့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask နှင့် Hand Gel ဗူးများ လှူဒါန်းခဲ့ပြီး ကျောင်းတိုက် အတွင်း သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ လိပ်ပြာကန်သီလရှင် စာသင်တိုက်သို့ ရောက်ရှိခဲ့ရာ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး …

Read More »

ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၁/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၃၀ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝဘေး အန္တရာယ်သည် မျှော်မှန်း၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းသက်သာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မိုးရေချိန်များသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သလို မြစ်/ချောင်းဘေး တစ်လျှောက် ကျေးရွာနှင့် မြို့များတည်ထား ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများကို အထိုက်အလျောက် နှစ်စဉ်ခံစားရကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပိုမိုဆောင်ရွက်နေသလို ပြည်သူလူထုအတွင်းသို့လည်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး …

Read More »

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၂၉ ========================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးမြို့ မြို့တော်ခန်းမ၌ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဟံသာဝတီရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ် နှင့်အထက် အဘိုး/ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ ကိုလည်းကောင်း၊ ပဲခူးမြို့၊ ဒေသန္တရကျန်းမာရေးဆေးခန်း၌ ပညာရေးဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅) နှစ်နှင့် အထက် အဘိုး/ အဘွားတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး …

Read More »

ပဲခူးတိုင်းဒေသကြီးကို ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၄/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၇ =======================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကို ဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၄/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် မဖြစ်မနေ အိမ်ပြင်ထွက်သူတိုင်း လိုက်နာရမည့် ညွှန်ကြားချက်များကို ရပ်ကွက်/ကျေးရွာ အတွင်းရှိ အများပြည်သူများ သိရှိစေရန် လိုအပ်ကြောင်း၊ အသိတူမှ အလုပ်တူမည်ဖြစ်၍ လူတစ်ဦးချင်း စည်းကမ်းလိုက်နာမှသာ ကိုဗစ်-၁၉ …

Read More »

ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး  Liquid Oxygen Tank Station စတင်တပ်ဆင်တည်ဆောက်

ဩဂုတ်လ ၂၆ ရက် ————————-      ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနှင့်ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဘတ်ဂျက်ဖြင့်ဆောင်ရွက်သော Liquid Oxygen Tank Station တစ်ခုကို ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ စတင်တပ်ဆင်တည် ဆောက်နေပြီဖြစ်ကြောင်း သိရသည်။        အဆိုပါ Liquid Oxygen Tank Station ၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ Liquid Oxygenအား Oxygen Tank Station အတွင်းသို့ ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် Gas Oxygen ပြန်လည်ထုတ်လုပ်ပေးသော စနစ်ဖြစ်၍ ယခုတည်ဆောက်လျှက်ရှိသော Oxygen Tank Station၏ ဝင်ဆံ့မှုမှာ တန်ချိန်(၃၀)ဖြစ်ပြီး Gas Oxygen ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်ရက်လျှင် ၄၀လီတာအိုး (၁၆၀၀)ခန့်၊ တစ်နာရီခွဲလျှင် အောက်စီဂျင်(၄၀)လီတာအိုး အလုံး(၈၀)အထိ ထုတ်လုပ်ဖြည့်သွင်း …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေသွားရောက်ထောက်ပံ့

ဒိုက်ဦး ဇူလိုင် ၂၄ ===================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက် နေ့၊ ည(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ လိုက်ပါလျက် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ၊ ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာနန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကုသနေမှုအခြေအနေနှင့် ဆေးရုံအတွက် အောက်စီဂျင်လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အောက်စီဂျင် လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေနှင့် အောက်စီဂျင်(၄၀)လီတာအိုး (၁၀)လုံးအား ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် …

Read More »