ပြည် အောက်တိုဘာ ၂၆ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ ကမ်းနားလမ်း တစ်လျောက် သန့်ရှင်းသာယာ လှပစေရေးနှင့် မြေထိန်းနံရံကြံ့ခိုင်မှုများ စဉ်ဆက်မပြတ် စစ်ဆေးဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ မြို့မစျေးကြီးအတွင်း စျေးရုံအသစ် ဆောက်လုပ်နေမှုနှင့် စျေးရုံအဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လေဝင်လေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အောက်ခံမြေသား အမာခံရရှိရေး ဆောင်ရွက်ရန်၊ စျေးရုံအဟောင်းရှိ အမိုးများ အသစ်လဲလှယ်ရန်နှင့် ဆေးသုတ်ခြင်းလုပ်ငန်း တစ်ပါတည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ မင်းလှမြို့နယ်၊ စာနီစုကျေးရွာ၊ …
Read More »ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွ…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းလယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
တောင်ငူ စက်တင်ဘာ ၃ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်…
နောက်ဆုံးရသတင်းများ
သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပြည် အောက်တိုဘာ ၂၅ ================== ပြည်မြို့၊သီရိခေတ္တရာမြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူနာများကို ကျန်းမာရေးဝန်ဆောင်မှု ပေးရာတွင် အခြားသောကျန်းမာရေးစောင့်ရှောက်မှုပေးသော ဝန်ထမ်းများနည်းတူ သူနာပြုနှင့်သားဖွား ဆရာမများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်သူများအား အရည်အသွေးပြည့်ဝသော ပြုစုကုသ မှုပေးနိုင်ရေးအတွက် သူနာပြုစောင့်ရှောက်မှုတွင် အရည်အသွေးမြှင့်တင်ရန်၊ သူနာပြုများလိုက်နာရမည့် အခြေခံသူနာပြု ကျင့်ဝတ်များကို ထိန်းသိမ်းမြှင့်တင်ရန်၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အညီ လေ့လာသင်ယူနိုင်ရန်လိုအပ်ကြောင်း၊ သူနာပြု-သားဖွားများအနေဖြင့် လူနာများနှင့်ဆက်ဆံသည့်အခါ ကိုယ်ချင်းစာနာမှုကို ရှေ့တန်းတင်ဆောင်ရွက်ခြင်းအားဖြင့် သူနာပြု-သားဖွားများ၏ စေတနာပိုမိုပေါ်လွင်လာ မှာဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်လက်ခံအားကိုးမှု တိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ အောင်လက်မှတ် အပ်နှင်းခံရသည့် မောင်/မယ်များအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်
ပဲခူး အောက်တိုဘာ ၁၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး MSMEs ထုတ်ကုန်များ အရောင်းစင်တာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူ များက တိုင်းဒေသကြီး MSMEs ထုတ်ကုန် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါ MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် …
Read More »ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၈ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးလျော့ချရေး ကမ္ဘာ့မူဘောင်ဖြစ်တဲ့ ဆန်ဒိုင်းမူဘောင်အရ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်တွေကနေ ကြံ့ကြံ့ခံ နိုင်တဲ့ လူမှုအသိုင်းအဝန်းဖြစ်ရန်နှင့် ဘေးဒဏ်ခံနိုင်ရည်စွမ်း မြင့်မားတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ကြရန်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မညီမျှမှုတွေ မရှိစေဖို့က အလွန်ပင်အဓိကကျတာကြောင့် ယခု ၂၀၂၃ ခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်ကို “ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၁၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက် ပိုင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးစိုက်ဧကများ ထိခိုက် ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး DY-6 ရေပေးမြောင်းမကြီးမှ ရေသွယ်မြောင်း ဖောက်လုပ်နိုင်ရေး တွက်ချက် တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ဥဿာစိုက်ပျိုး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website