နောက်ဆုံးရသတင်းများ

ကလေးငယ်များအတွက် MFF Grassroots Football Festival 2017.Bago ဘာလုံးပြိုင်ပွဲ ပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂ (ပဲခူး) =================================== ကလေးငယ်များအတွက် MFF Grassroots Football Festival 2017;Bago ဘာလုံးပြိုင်ပွဲ ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုး၍ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်က ယခုကျင်းပပြုလုပ်မည့် ဘောလုံးပွဲတော်သည် ကျောင်းသား ကလေးငယ်များ ကျန်းမာပျော်ရွှင်ရေးအတွက်သာမက ဘောလုံးအားကစားကို ပိုမို စိတ်ဝင်စားလာစေပြီး အနာဂတ်မှာ မြန်မာ့လက်ရွေးစင်အသင်း အဆင့်ဆင့်အတွက် အားထားရမည့် မျိုးဆက်သစ်ဘောလုံးသမားများ ပေါ်ထွန်းလာစေဖို့ များစွာအထောက်အကူပြုသည့် ဘောလုံး ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဘောလုံးပွဲတော်များကို ယခုနှစ်အတွင်းနှင့် လာမည့် ၂၀၁၈ ခုနှစ်မှာလည်း ပဲခူးတိုင်းဒေသကြီးအတွင်းသာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း တိုးချဲ့ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်နေတာ သိရှိရသည့် အတွက် အလွန်ပင် ဝမ်းမြောက်မိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် မြန်မာဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း …

Read More »

ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန် တတိယပတ် လူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂ (ပဲခူး) =================================== ပဲခူးမြို့၌ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန် တတိယပတ် လူထုလမ်းလျှောက် ပွဲအား ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် (၅:၃၀)အချိန်က ကျင်းပပြုလုပ်သည်။ အဆိုပါလူထုလမ်းလျှောက်ပွဲကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူးရုံးရှေ့မှစတင်ကာ သနပ်ပင်လမ်းအတိုင်း နာရီစင်ထိပ်မှ ရွှေမော်ဓောဘုရား အနောက်မုဒ်ထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး၊ ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့ကွင်းပြင်၌ ကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင်ခန်း အတွဲ(၁)၊ အတွဲ(၂)တို့အား စုပေါင်းပြုလုပ်ခဲ့သည်။ လမ်းလျှောက်ပွဲတွင် လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊ ဥပဒေချုပ်ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊ ပြည်သူများ စုစုပေါင်းအင်အား(၃၉၅၀၀ )ဦး ပါဝင်ဆင်နွဲကြကြောင်း သိရသည်။

Read More »

ဂျပန်နိုင်ငံမှ ODA ချေးငွေအဆင်သင့်ဖြစ်နေ၍ လေဆိပ်နှင့်ပတ်သက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား မြန်မြန်ဆန်ဆန်ပြီးပြတ်အောင် ဆောင်ရွက်ရန် ဒုတိယသမ္မတ(၂)မှ လမ်းညွှန်မှာကြား

3

 ဒီဇင်ဘာ ၁ (ပဲခူး) ===================================      ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းလုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူ လာရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် နောက်ခံသမိုင်းကြောင်းနှင့် စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ တင်ဒါခေါ်ယူမှုနှင့် ရွေးချယ်ခဲ့မှုအခြေနေ၊ ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးမှုကော်မတီနှင့် ဆွေးနွေးခဲ့မှုအခြေအနေ၊ လေဆိပ်ဖွံ့ဖြိုးရေး Infrastructure  အခြေခံလိုအပ်ချက်များ၊ DCA မှ လေယာဉ်ကွင်းဧရိယာအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဌာနပိုင်အမည်ပေါက် ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော်မတီ(၄)ရပ် ဖွဲ့စည်းထားရှိပြီး ကျူးကျော်နေထိုင်သူများအား …

Read More »

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်

FI

ဒီဇင်ဘာ ၁ (ပဲခူး) ===================================      ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ရှေးဦးစွာ စည်ပင်သာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က နိုင်ငံတော်၏ အဓိကကျသည့် လူစွမ်းအား အရင်းအမြစ်များကို ထိခိုက်နစ်နာဆုံးရှုံးစေသော ရောဂါဆိုးကြီးအား တိုက်ဖျက်သည့်နေရာတွင် ကာကွယ်တားဆီးရေးလုပ်ငန်းများကို အဓိကထားပြီး ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ AIDS ရောဂါသည် ထိန်းချုပ်ကုသလို့ရသည့် နာတာရှည်ရောဂါဖြစ်သည့်အတွက် ဝေဒနာရှင်များမှ မှန်ကန်သည့်ဆေးဝါး ကုသမှုရအောင်လည်း ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဆေးဝါးကုသပေး သည့်အပြင် ဝေဒနာရှင်များ မိသားစုဝင်များ၊ မိဘမဲ့ကလေးများကိုလည်း ခွဲခြားဆက်ဆံခြင်းမရှိ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးဘို့လိုအပ်ကြောင်း၊ ဒီလိုအရေးကြီးတဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လက်တွဲပြီး အဖွဲ့အစည်းအသီးသီး အပြင် လူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နောင်အနာဂတ်တွင် AIDS ရောဂါဆိုးကြီး၏ …

Read More »

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် (၁၀၀)ပေပတ်လမ်းအတွင်း ပါဝင်သွားသော ရာဘာခြံရှင် များအား လျော်ကြေးငွေပေးချေနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

 နိုဝင်ဘာ ၃၀ (ပဲခူး) ===================================      နိုဝင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် (၁၀၀)ပေပတ်လမ်း အတွင်း ပါဝင်သွားသော ရာဘာခြံရှင်များအား လျော်ကြေးငွေပေးချေနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယခု လျော်ကြေးငွေ ပေးချေနိုင်ရေးအတွက် မြေပြင်အခြေအနေ ကွဲလွဲချက်များအား ထပ်မံကွင်းဆင်း စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျော်ကြေးငွေပေးလျော်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်၍ အလေအလွင့်မရှိ စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လေဆိပ်စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ အကျိုးစီးပွား များစွာဖြစ်ထွန်းနိုင်မည်ဖြစ်၍ ရာဘာခြံရှင်များ အနေဖြင့် မိမိတို့အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ကွင်းဆင်းစိစစ် ခြင်း၊ လျော်ကြေးငွေ ပေးချေခြင်းလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရာဘာပင်အလိုက် သက်တမ်းကွာခြားချက်များအား ရာဘာလုပ်ငန်းရှင်များအသင်း …

Read More »