နောက်ဆုံးရသတင်းများ

အသိပေးကြေငြာချက် ထုတ်ပြန်ခြင်း

ဖေဖော်ဝါရီ ၁၃ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီ:အတွင်းရှိ လယ်ယာမြေပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်လျက်ရှိသော လူ/ပုဂ္ဂိုလ်/ အဖွဲ့အစည်းတို့အား အသိပေးကြေငြာချက် ထုတ်ပြန်ခြင်း  

Read More »

ပဲခူးမြို့တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၃ (ပဲခူး) ===================== ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမတွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံအထက်တန်းကျောင်း၊ ကျောင်းသား/သူများက ဗိုလ်ချုပ်အောင်ဆန်း သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးစန်းအောင်က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအဆင့် ကဗျာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူများက အောင်ဆန်းဇာနည်ကဗျာဖြင့် ပြိုင်ပွဲဝင်ကြပြီး လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းကြောင်းနှင့်ပတ်သက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်လွင်လွင်သန်းက ပြောကြားသည်။ ယင်းနောက် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီးဒေါ်မေသက်နွယ်နှင့် ပဲခူးခရိုင်ပညာရေးမှူးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား/သူများနှင့် ဆရာ/မများက ဗိုလ်ချုပ်အကြောင်း ပြသထားသော …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ဆေးကုသမှုအတွက် အလှူငွေလှူဒါန်း

ဖေဖော်ဝါရီ ၁၃ (ပဲခူး) ======================== ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ဆေးကုသရန် အလှူငွေလှူဒါန်းခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံ အစည်းအဝေးခန်းတွင် ဂျာမဏီနိုင်ငံ INTERPLAST-Germany teamမှ အထူးကုဆရာဝန်ကြီးများနှင့် ပဲခူးဆေးရုံမှ တာဝန်ရှိသူများအားတွေ့ဆုံကာ ဆေးရုံအုပ်ကြီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆေးကုသရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ငွေကျပ်သိန်း(၃၀)အား ဝန်ကြီးချုပ်မှ ဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်နေမှုနှင့် ခွဲစိတ်ပြီးလူနာများ၊ အထွေထွေရောဂါဖြင့် ဆေးရုံတက်ကုသမှုခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် …

Read More »

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး) =============== ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသော မြန်မာတိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် ၂၀၁၈-၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ပဲခူးတိုင်းဒေသကြီးအားကစားအဖွဲ့များနှင့် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ဘင်ခရာနှင့် စစ်တီးဝိုင်းအဖွဲ့များအား ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ …

Read More »

(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး) ================ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၆)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Milo Nestleတို့ပူးပေါင်းပြီး (၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲတွင် ပဲခူးခရိုင်(၈)မြို့နယ်နှင့် တောင်ငူခရိုင်(၆)မြို့နယ်တို့မှ အားကစားသမား(၃၅၀)ကျော် ပါဝင်ကာ ပဲခူးမြို့ ဥဿာမြို့သစ်  (၇)ရပ်ကွက် ဗိုလ်မင်းရောင်လမ်းထိပ်မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့အထိ (၅)ကီလိုမီတာအကွာအဝေးအား ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် မိုးလုံလေလုံအားကစားခန်းမတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသမီးအပြေးပြိုင်ပွဲ၌ အဆင့်(၄)မှ (၅၀)အထိ၊ အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၄)မှ (၅၀)အထိရရှိသူများအား လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး အာကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အမျိုးသမီးအပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ …

Read More »