နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အုတ်ဖိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

FI

ဇူလိုင် ၁၈ (အုတ်ဖို) =============================== ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်သောအစိုးရအဖွဲ့နှင့် အုတ်ဖိုမြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က လူထုတွေ့ဆုံပွဲများ၏ အနှစ်သာရသည် အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှုများ သိရှိစေရန်နှင့် ပြည်သူများမှ မိမိတို့၏ ဆန္ဒများကို အစိုးရမှ တာဝန်ရှိသူများ သိရှိစေရန် တိုက်ရိုက်တင်ပြနိုင်ခြင်းဖြစ်ကြောင်း၊ အများဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏ အလေ့အထတစ်ခုဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မည်သည့်ကိစ္စရပ်ကိုမဆို ပူးပေါင်းဆောင်ရွက်တတ်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ အနေဖြင့် သိမ်းဆည်းမြေယာကိစ္စရပ်များနှင့် ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည့် ကျေးရွာ၊ မြို့နယ်၊ ခရိုင်မြေစစ် ကော်မတီအသီးသီးမှ တင်ပြချက်များအပေါ် ပြန်လည်စိစစ်၍ မူလတောင်သူလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေး ညွှန်ကြားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အဂတိကင်းရှင်းစွာ ဆောင်ရွက်ကြရန်၊ …

Read More »

အုတ်ဖိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၈ (အုတ်ဖို) ========================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့လယ်အဝိုင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရင်ပြင်တွင် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမင်းစည်သူတိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အလေးပြုကြပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က အမှာစကားပြောစကားကာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ရောက်ရှိလာကြသည့် ဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သိရသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုသည် အမြင့်ပေ(၁၁)ပေ၊ ခုံတုံးအမြင့်(၇)ပေ၊ စုစုပေါင်း(၁၈)ပေရှိသော …

Read More »

ပဲခူးမြို့ဆေးရုံကြီးတွင် အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

FI

ဇူလိုင် ၁၇ (ပဲခူး) ================================= ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အရေးပေါ်ဌာနရှေ့ရှိ တည်ဆောက်မည့်မြေနေရာတွင် ဇူလိုင်လ(၁၇)ရက်နေ့ နံက်(၈:၃၀)နာရီအချိန်က အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ရွှေသံလွင်ကုမ္ပဏီ နာယကကြီး ဒေါက်တာဒေါ်နီနီနှင့် Rain Forest Company ၏MDဦးမိုးကျော်သူတို့က ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်မင်္ဂလာအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက စက်ခလုပ်နှိပ်၍ စက်ယန္တရားဖြင့်ပန္နက်တင်မင်္ဂလာအား ဆောင်ရွက်ပေးပြီး ပန္နက်တိုင်များကို ဝနိကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ အဆိုပါ အောင်သုခ(၄)ထပ်လူနာဆောင် အဆောက်အဦအား ပဲခူးမြို့၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ငွေကျပ်သိန်း(၂)သောင်းကျော် …

Read More »

တရားစီရင်ရေးနှင့်ဆက်စပ်သည့် တိုင်းဒေသကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၆ (ပဲခူး) ================================ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲသည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၀)အရ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program-CMP) အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် တရားစီရင်ရေးနှင့်ဆက်စပ်သည့် တိုင်းဒေသကြီးအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ(၁၆)ရက်နေ့ နံနက်(၉) နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက ယခုအခါမှာ တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က (၂၀၁၈-၂၀၂၂)တရားစီရင်ရေးဆိုင်ရာ မဟာဗျူ ဟာစီမံကိန်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကိုသိရကြောင်း၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းနှင့်အညီ တရားရုံးများ၌အမှုများကို စစ်ဆေးစီရင်ရာတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program-CMP) စနစ်နှင့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မူခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အမှုသည်များတရားသို့ လာရောက်သည့်အကြိမ်ရေ၊ အမှုပြီးပြတ်ရန်ကြန့်ကြာမှုများကို လျော့နည်းစေပြီး မှန်ကန်မြန်ဆန်ထိရောက်သော ဆောင်ရွက်မှုဖြစ်သည်ကိုသိရကြောင်း၊ ယခုမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ဆောင်ရွက်မည့် ပဲခူးခရိုင်တရားရုံးနှင့် ပဲခူးမြို့နယ်တရားရုံးသာမက တိုင်းဒေသကြီးတစ်ခုလုံးရှိ တရားရုံးများကိုတက်ရောက်လာကြသည့် အဖွဲ့အစည်းများက အစဉ်အမြဲထာဝစဉ် ပူးပေါင်းကူညီပ့ံပိုးပေးကြရန်တိုက်တွန်းပါကြောင်း၊ …

Read More »

မိုးညိုမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၅ (မိုးညို) ========================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာပန်းခြံတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်း၊ အမျိုးသားလွှတ်တော်် ကိုယ်စားလှယ် Drဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းကိုနှင့် ဦးအေးကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကမ္ဗည်းမော်ကွန်းကျောက်စာအား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်သည် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသွားလာနေထိုင်ရေး ၊ လုပ်ငန်းခွင်တွင် အဂတိကင်းရှင်းရေး၊ သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေး၊ အခြေခံပညာကျောင်းများ အချိန်မီပြီးစီးရေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်သည့်ကိစ္စများ၊ သိမ်းဆည်းမြေကိစ္စများနှင့် ဆည်မြောင်းတာတမံ …

Read More »