နောက်ဆုံးရသတင်းများ

ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၃) ပဲခူး ========================================== အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် ကိုရီးယားနိုင်ငံအခြေစိုက်၊ Korea Smart City Association  မှ ပညာရှင် Mr. Jun-Cheol Kwon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr. Jun-Cheol Kwon က Smart City တစ်ခု ဖြစ်ပေါ်ရန်အတွက် အခြေခံအဆောက် အဦ၊ လမ်း/တံတားများ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနာချိတ်ဆက်မှု စသည့်တို့ ပြည့်စုံရမည်ဖြစ်ပါ ကြောင်း၊ Smart City ပြုလုပ်ရန်အတွက် တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် ဦးစားပေးစတင်ဆောင်ရွက်မည့် နေရာအား ဖော်ပြပေးစေလိုပါကြောင်း၊ ပဲခူးမြို့တော်အား Smart City အဖြစ်အဆင်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် လိုအပ်ချက်များကို …

Read More »

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၃) ပဲခူး ========================================== အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၉)အချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်(၆၄/၂၀၁၇)အရ အောက်တိုဘာလ (၁၃)ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်များ လျော့ပါးရေးနေ့ International Day for Disaster Reduction(IDDR)အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ကာ နိုင်ငံတော် အခမ်းအနားတစ်ရပ်အနေဖြင့် ကျင်းပပြလုပ်ခဲ့ရာ ယခုနှစ်မှာဆိုရင် (၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် (၅)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးနေ့ အခမ်းအနားဆောင်ပုဒ်ကတော့ “Home Safe Home (ထိတွေ့ဘေးဒဏ်လျှော့ချမှ လုံခြုံစိတ်ချတို့ဘဝ)” …

Read More »

B.O.T ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် လမ်းပိုင်းများအား ပြည်သူအတွက် အကျိုးပြုသည့်လုပ်ငန်းများဖြစ်၍ စေတနာ၊ မေတ္တာထားပြီး ဆောင်ရွက်ပေးစေလိုကြောင်း ဝန်ကြီးချုပ်မှာကြား

FI

အောက်တိုဘာ (၁၂) ပဲခူး ========================================== အောက်တိုဘာလ (၁၂)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုလမ်းမကြီးများ၊ မြို့ရှောင်လမ်းများနှင့် တံတားချဉ်းကပ်လမ်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ(၆)ခု အား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းများအလိုက် B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ(၆)ခုအား ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် မံကိန်းလုပ်ငန်းအဝဝကို မိမိတို့ တိုင်းဒေသကြီးအတွင်း စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ လမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ရင်ဆိုင်ရာသည့် အခက်အခဲများကို သိရှိလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသည့် B.O.T စာချုပ် ပါအတိုင်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလမ်းဦးစီးဌာနမှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးချက်အစီရင်ခံစာကို အစိုးရအဖွဲ့သို့ တင်ပြပေးစေလိုကြောင်း၊ မြို့အဖြစ် သတ်မှတ်ခံထားရသည့် နေရာများရှိ ကျောင်း၊ …

Read More »

ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အောက်ခြေအသံကို နားထောင်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ခုဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းပေးစေလိုကြောင်း ဝန်ကြီးချုပ်မှာကြား

FI

အောက်တိုဘာ (၁၂) ပဲခူး ========================================== အောက်တိုဘာလ (၁၂)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က စီမံကိန်းများ ကောင်အထည်ဖော်ရာတွင် မြန်မြန်ဆန်ဆန် ဆောင်ရွက် ကြစေရန်လိုကြောင်း၊ တင်ဒါကိစ္စရပ်များအား မြန်မြန်ပြီးပြတ်အောင် တင်ဒါစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများသည် သုံးငွေအပေါ်တွင်သာ အာရုံမစိုက်ဘဲ အခွန်အရပ်ရပ် ရငွေများ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အကြမ်းဖက် လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးသို့ ဝင်လာနိုင်သည့် လမ်းကြောင်းများရှိ ရဲစခန်း၊ ရဲကင်းများ၊ စစ်ဆေးရေးဂိတ်များ အထူးကြပ်မတ်ဆောင်ရွက်သွားရန်၊ မိမိတို့ မြို့/ရွာ ရပ်ကွက်များအတွင်း လူစိမ်းဝင်/ထွက်မှုကို စောင့်ကြည့်ပြီး ပြည်သူသတင်းပေးနိုင်ရန် ဖုန်းနံပါတ်များ ကြေငြာထားရှိရန်၊ မီးရထားရဲများအနေဖြင့်လည်း ရထားဘူတာ၊ ရထားတွဲများအား စစ်ဆေး ရန်၊ ဆေးရုံဆေးခန်းများအား ပြည်သူများ အမှန်တကယ်အားကိုးနိုင်သည့် အနေအထား၊ ယုံကြည်မှု ရှိနိုင်စေရန် ဆေးဝါး၊ …

Read More »

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၂ (ပဲခူး) ================================ အောက်တိုဘာလ (၁၂)ရက်နေ့၊ မွန်းတည့် (၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးတရားဥပဒေ စိုးမိုးရေးဋ္ဌာနနှင့် တရားမျှတမှု ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့နှင့် My Justice တို့တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ တိုင်းဒေသကြီးတာဝန်ခံ ဝေါမြို့နယ်ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင် အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအုန်းသန်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးစိန်လွင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ထွန်း လူမှုအဖွဲ့အစည်းမှ ဦးသန်းဦးနှင့် ဦးမင်းသူရအောင်တို့ တက်ရောက်ဆွေးနွေးကြပါသည်။ အဆိုပါတွေ့ဆုံပွဲသည် ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Read More »