ပဲခူး နိုဝင်ဘာ ၂၁ ============ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ကိုကိုစိတ်ကူးယဉ်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်းကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု့အားပေး ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂ခုနှစ်၊ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်
ပဲခူး အောက်တိုဘာ ၂၇ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ညပိုင်း…
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို
ပဲခူး အောက်တိုဘာ ၂၇ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်န…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တတိယအကြိမ် မြန်မာ့ရိုးရာယဉ်ကျေ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး
ပဲခူး အောက်တိုဘာ ၂၅ စားရေရိက္ခာဖူလုံရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ပေါများစေရန် ရည်ရွယ်၍ သဘ…
အောင်ပွဲရ ပဲခူးတိုင်းဒေသကြီးလက်ဝှေ့အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးမြို့၌ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစား…
နောက်ဆုံးရသတင်းများ
ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့
ပဲခူး နိုဝင်ဘာ ၁၈ =========== ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆီးချို ၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီ းဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို ကောင်းသည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုမဖြစ်စေဖို့ လူတစ်ဦးချင်း၊တစ်ယောက်ချင်းကိုယ်တိုင်က မိမိတို့ရဲ့အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့်ညီညွတ်သည့် ပုံစံတွေဖြစ်အောင် ပြောင်းလဲနေထိုင်ဖို့ လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်နှင့် ပတ်ဝန်းကျင်များ ဖန်တီးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုအားပေးခြင်း၊ ကျန်းမာရေး အသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လုပ်ဆောင်ခြင်းတို့ကို အထူး အလေးပေး ဆောင်ရွက်လျှက်ရှိကြောင်း၊ ဆီးချိုအပါအဝင် …
Read More »ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး
ပဲခူး နိုဝင်ဘာ ၁၆ ==================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် နိုဝင်ဘာ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ Nissan Sunny အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိသည့် Tan Choung Motor Myanmar စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ Tan Choung Motor Myanmar အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက စက်ရုံလည်ပတ်မှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းရှင်းမှု၊ ရင်းနှီးမြှုပ်နှံရန် မြေနေရာများလွယ်ကူစွာရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေးအားပေးနေမှုနှင့် နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှုစသည့် အခွင့်အလမ်းကောင်းများအား သတင်းစကားပေး၍ အဆွေတော်တို့၏ မိတ်ဖက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ဈေးသားများ၏ စုပေါင်းစတုဒီသာ အလှူတော် ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၄ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ဈေးသားများ၏ စုပေါင်းစတုဒီသာ အလှူတော်ပွဲအား နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့မဈေးကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဆိုပါစတုဒီသာမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ပျော်ရွှင်စွာ လာရောက်သုံးဆောင်နေသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ သည်။ အဆိုပါ စုပေါင်းစတုဒီသာအလှူတော်ပွဲ၌ လူမျိုးမရွေး၊ ဘာသာမရွေး သုံးဆောင်နိုင်စေရန် ဘဲဥဟင်း၊ သီးစုံပဲဟင်းနှင့် ငါးခြောက်ကြော်တို့ဖြင့် လူဦးရေ(၅၀၀၀) ကျော်အား နံနက်(၇)နာရီမှ ညနေပိုင်းအထိ ကျွေးမွေးသွားမည်ဖြစ်ကာ စတုဒီသာ လာရောက်သုံးဆောင်သူ များအား တေးဂီတဖျော်ဖြေရေးဖြင့် ဧည့်ခံလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များနှင့် ရှမ်းအိုးစည်အဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၂ =========== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးစနစ်သစ်ဖြစ်သည့် KG+12ကို ပြောင်းလဲခဲ့တာ လာမည့်ပညာသင်နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ Grade-9နှင့် Grade-12 စနစ်သစ်ကြီးတစ်ခုလုံးကို သင်ရိုးသစ်များနှင့် ပြောင်းလဲနိုင်တော့မှာဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ဖြစ်စဉ်အရ တီထွင် ဖန်တီးသည့်အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလိုသင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချမှုသည် အင်မတန် အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊ သင်ယူမှူဖြစ်စဉ် သင်ယူမှုတြိဂံအရ (Practice doing) လို့ခေါ်သည့် လေ့ကျင့်လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့် အကြောင်းအရာ၏(၇၅%)ကျော်ကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်သများက ရရှိကြမှာဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website