ပြည် စက်တင်ဘာ ၂၄ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၄) ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက် လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာမဏပဏ္ဍိဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
နောက်ဆုံးရသတင်းများ
မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ထားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်လမ်းညွှန်မှာကြား
ပဲခူး စက်တင်ဘာ ၂၃ =================== မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ အကျိုးသက်ရောက်မှုကြောင့် ယခင်လာရောက်လည်ပတ်နေသည့် အခြားနိုင်ငံ ခြားသားများအပြင် ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ခရီးသွားများ လာရောက်လည်ပတ်ကြတော့ မည်ဖြစ်ကြောင်း၊ မကြာမီ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ရှေးဟောင်းယဉ်ကျေးမှု …
Read More »တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)တောင်သူသင်တန်းအမှတ်စဉ် (၂/၂၀၂၂) အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
ပဲခူး စက်တင်ဘာ ၂၂ =================== နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)တောင်သူသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် လယ်ယာမြေပြုပြင်သည့်အဆင့်မှ စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြင်း၊ ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ စက်မှု လယ်ယာလုပ်ငန်းအကောင် …
Read More »ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၁ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်များကြောင့် အလုပ်လုပ်ကိုင်နိုင်သည့် အသက်(၂၀)မှ အသက် (၄၀)ကြား လူသားအရင်းအမြစ်များ ဆုံးရှုံးရလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး မီးပွိုင့်အသစ်များ တိုးချဲ့တပ်ဆင်ပေးခြင်း၊ မီးပွိုင့်အဟောင်းများ အဆင့်မြှင့်တင်ပေးခြင်း၊ လူသွားလမ်းပလပ်ဖောင်းများပြုလုပ်ပေးခြင်း၊ လမ်းလယ်စတီလက်ရန်းများ တပ်ဆင်ပေးခြင်း၊ ပန်းခုံများပြု လုပ်ပေးခြင်းနှင့် အနှေးယာဉ်လမ်းကြောင်းပြ အမှတ်အသားများ ပြုလုပ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှု အများဆုံးသည် (၂)ဘီးတပ် မော်တော်ဆိုင်ကယ်များဖြစ်၍ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူတိုင်း မော်တော်ဆိုင်ကယ်ဦးထုပ် စနစ်တကျတပ်ဆင်ရမည်ဖြစ် ကြောင်း၊ …
Read More »၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၀ ===================== အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဉ်များအား အားလုံးပူးပေါင်း ဆောင်ရွက်မှသာ ကောင်းမွန်ပြီး သာယာလှပသည့် ကမ္ဘာမြေကြီးကို အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ယင်းသို့ ပြောကြားသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကမ္ဘာပေါ်တွင် စွမ်းအင်အရင်းအမြစ်များ၊ ဒြပ်ပစ္စည်းများ မဆင်မခြင် သုံးစွဲမှုများကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် နေ့စဉ်ကြုံတွေ့နေရ ကြောင်း၊ အဓိကအားဖြင့် ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်နိုင်မှသာ သက်ရှိကမ္ဘာ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” အဖြစ်သတ်မှတ်ထားရပြီးဖြစ်သဖြင့် စာချုပ်ပါအချက်အလက်များအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website