ပဲခူး ဖေဖော်ဝါရီ ၁ =============================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်းများနှင့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ လမ်းဖွင့်ပွဲနေရာသို့ ရောက်ရှိလာရာ တိုင်းရင်းသား အကြီးအကဲတစ်ဦးမှ ကရင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ပေးခဲ့ပြီး ဘုရားသုံးဆူအဝင်လမ်း ဂဝံရောမြေခင်းခြင်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်း ဂဝံရောမြေ ခင်းခြင်း ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပဲခူးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ အမှုဆောင်အရာရှိက လမ်းတည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ၎င်းနောက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
ပဲခူး ဧပြီ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင…
အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးလမ်းညွှန်မှု၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ပြုလုပ်သည်။ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှလည်းကောင်း၊ အမျိုးသမီးများ ပဲခူးတက္ကသိုလ်ရှေ့ မြို့ရှောင်လမ်း၊ လမ်းဆုံမှလည်းကောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်တင့်မှ တာလွှတ်ပေး ခဲ့ပြီး မီနီမာရသွန်အမျိုးသား၊ အမျိုးသမီးအား ကစားသမားများမှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းရှေ့အထိ ယှဉ်ပြိုင်ပြေးရာ ပြေးလမ်းတစ်လျှောက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် ပြည်သူများကလည်းကောင်း၊ ပန်းဝင်မည့်နေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
သာယာဝတီ ဇန်နဝါရီ ၃၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇန်နဝါရီလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း(၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များ အတွက်သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် အဓိကအားဖြင့် ကျေးရွာများသို့ ကျေးရွာထင်းစိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး
ပြည် ဇန်နဝါရီ ၃၀ ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၂၉) ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အမှတ်(၃)အကြီးစားစက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံရှင်းလင်းဆောင်၌ အမှတ်(၃)အကြီးစား စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၏ စက်ရုံမှူး ဦးမျိုးအောင်ခိုင်မှ တည်ဆောက်ရခြင်း ရည်ရွယ်ချက်၊ စက်ရုံလည်ပတ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းပိုင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့၊ စက်မှုဇုန်အတွင်း ဝါဂွမ်းမှ ချည်ထည်၊ ချည်ထည်မှ ဆေးဆိုးပန်းရိုက်လုပ်ငန်းအထိ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံနေသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံများရှိကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်း လွယ်ကူလျှင်မြန်စွာ ရရှိနိုင်ရေး …
Read More »ပြည်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် ဇန်နဝါရီ ၂၉ ================= ပြည်မြို့နယ်၊ ကန်စုကျေးရွာ ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ (၂၉) ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ကန်စုကျေးရွာ ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားအား ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ကျေးရွာ အတွင်း လျှပ်စစ်ဓါတ်အား ပေးလွှတ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်မီးလင်းရေးလုပ်ငန်းများ အပါအဝင် အခြားကျေးလက်ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မီးအား အကျိုးရှိရှိ သုံးစွဲကြရန် အမှာစကားပြောကြားခဲ့ပြီး ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု ကောက်စိုက်စက်ဖြင့် Jasmine မျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဇီးအုပ် စိုက်ပျိုးရေးတောင်သူအသိပညာပေးစခန်း၌ တောင်သူများအား အာမိုကွန်ပေါင်းဓါတ်မြေဩဇာအိတ်(၃၀)အား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website