နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး စက်တင်ဘာ ၃၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ရေကြောင်းပိတ်ဆို့မှုမဖြစ်စေရေး ရေကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား စက်တင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး၊ ပုဏ္ဏားစုရပ်ကွက် ကျုံးရိုးချောင်း ရေကြောင်းရှင်းလင်းခြင်း၊ ကတွင်းခြံရိုးချောင်းချဲ့ခြင်းနှင့် ဥဿာ(၇)ရပ်ကွက်အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး စက်ယန္တရားများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ စုပေါင်းအားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၈           ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုမရှိစေရေးနှင့် ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ရှင်လင်းဆောင်ရွက်နေမှုအား မြို့နယ်(၂၈)မြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်နှင့် ပဲခူးမြစ်တို့ ချိတ်ဆက်ထားသည့် ကုလားရိုက်ရိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ကျုံးရေမြောင်း  ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းနေမှု၊ ကသစ်ပင်ရိုးချောင်း ရေကြောင်းရှင်းလင်းနေမှု၊ ပန်းလှိုင်ရပ်ကွက်၊ ကျုံးရိုးရေစီးဆင်းမှုကောင်းမွန်စေရေး ရှင်းလင်းနေမှုနှင့် ပဲခူးမြို့အတွင်းမှရေများ အဓိကထွက်သော အိုးဘိုချောင်း ရေထွက်ပေါက်တို့တွင် စက်ယန္တရား လူအင်အားဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၇           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးဂိတ်များသည် လုံခြုံရေးနှင့် တရားမဝင် ကုန်သွယ်မှုပပျောက်စေရေး၊ မူးယစ်ဆေးဝါးနှင့် အခြားကန့်သတ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ရန်နှင့် တစ်ဘက်တွင်လည်း ခရီးသွားပြည်သူများနှင့် တရားဝင်ခွင့်ပြုထားသည့် ကုန်ပစ္စည်း များအား ငွေကြေးကောက်ခံမှုမရှိဘဲ လွယ်ကူလုံခြုံလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး ဥပဒေနှင့် အညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ စစ်တောင်းမြစ်အား ဖြတ်သန်း၍ တရားမဝင် ကုန်သွယ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှောင်ကွင်းလမ်းကြောင်းများအား ဖော်ထုတ်ခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၉)၊ ညောင်အင်းစက်မှုနယ်မြေအတွင်း၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သစ်တောသစ်ပင်များ တည်ရှိခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး ဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်၍ စိုက်ပျိုးသည့် သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင် စနစ်ဖြင့် ပြုစုထိန်းသိမ်း စောင့်ရှောက်သွားကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များထံသို့ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အတွက် ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း

ပဲခူး စက်တင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းခွဲတာဝန်ခံများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများတို့အား နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် သီးထပ်စွမ်းအား တိုးတက်စေရေး ဆောင်ရွက် သွားရန်လိုအပ်သလို အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေရှားပါးမှုမဖြစ်ပေါ်စေရေး ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန်နှင့် စားဖိုဆောင်သီးနှံ တစ်အုပ်တစ်မ စိုက်ခင်းများ ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံစေရေးနှင့် မွေးမြူသူနှင့် စားသုံးသူကြား ဈေးနှုန်းသင့်တင့် မျှတမှုရှိစေရေး တိုးချဲ့မွေးမြူနိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ …

Read More »