ပဲခူး နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၉) ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့(B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများအား ဂုဏ်ပြု ချီးမြှင့် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦး ချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သွားရောက်ပညာသင်ကြားရမည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလျက် တိုင်းရင်းသားများ စုပေါင်းပြီး တစ်နေရာတည်းပညာသင်ယူနိုင်ရေး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်၍ မိမိတို့လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့အစဉ်အလာကောင်းများကို နှီးနှောဖလှယ်ပြီး စည်းရုံးမှုကို ယူရသွားရမှာဖြစ်ကြောင်းနှင့် ပို့ချတဲ့ ပညာရပ် များကို ထူးချွန်တတ်မြောက်အောင် လေ့လာဆည်းပူးသင်ယူကြရမှာဖြစ်ကြောင်း၊ သင်တန်း များပြီးဆုံး၍ တာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံတော်၏ကျေးဇူးတရားကို သိတတ်စွာနှင့် တတ်မြောက်လာခဲ့ သည့် ပညာရပ်များအကိုအသုံးပြုပြီး မိမိတို့တာဝန်ကျရာဒေသတွေမှာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင်၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ လူမှုစီးပွား ဘဝများကြားမှာ မှန်ကန်တဲ့အသိအမြင် အတွေးအခေါ်တွေရရှိစေပြီး ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ပြန့် ပွားအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) တက်ရောက် မည့် သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေကျပ်(၁၁၄)သိန်းအား ချီးမြှင့်ပေးအပ်ခဲ့ရာ သင်တန်းသား တစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ သင်တန်း သား/သူ (၃၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website