ပဲခူး ဖေဖော်ဝါရီ ၁၈ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီး၌ အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြှင့်တက်လာပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ် သလို ရပ်ကွက်/ကျေးရွာများရှိ ပြည်သူတစ်ဦးချင်အလိုက် ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဆေးရုံများတွင် ကိုဗစ်(၁၉) နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးနိုင်ရေး HotLine နံပါတ်များ မကြာမီရရှိမည်ဖြစ်၍ ပြည်သူများ သိရှိဆက်သွယ်နိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
နောက်ဆုံးရသတင်းများ
၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ နှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၇ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့် ခန်း (အေရိုးဗစ်)ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းနှင့် အလေးမအသင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၅ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်က ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နား ကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ် ရုက္ခဗေဒဌာနမှူး ဒေါက်တာတင်မိုးအေးမှ ထမနဲထိုးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားကာ တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ ပဲခူးတက္ကသိုလ် မြန်မာစာဌာနမှူး ဒေါက်တာသဇင်သောင်းမှ ရှင်းလင်းဖတ်ကြားပြီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဥပဒေချုပ်က မင်္ဂလာမောင်းတီး၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ ထမနဲယှဉ်ပြိုင်ထိုးကြရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးကြသည်။ …
Read More »စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၄ ================= ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်း အင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်း အဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသား စာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာ နားလည်းအသုံးပြုနိုင်ခြင်း အားဖြင့် အထောက်အထား အခြေပြုမူဝါဒများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်း အချက်အလက်များ ပံ့ပို့ပေးနေရသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး …
Read More »(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း
ပဲခူး ဖေဖော်ဝါရီ ၁၁ =========== ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူ ဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။ အဆိုပါသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်(၂၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု(၁၀)ဦး စုစုပေါင်း(၃၅)ဦးတို့မှ စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်တို့က လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြစ်စေသည့် ကြက်ဥ၊ မုန့်များနှင့် အချိုရည်ဗူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website