တောင်ငူ ဇန်နဝါရီ ၁၇ ================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ခဲ့ရာ တက္ကသိုလ်ရုံးခန်း၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာကြူကြူဝင်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သီးခြားလိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီးနောက် ဆရာ/ဆရာမများအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့ပြီး တက္ကသိုလ်စာသင်ဆောင်၊ တက္ကသိုလ်ခန်းမ၊ Server Room၊ အားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့ စက်မှုအထက်တန်းကျောင်းရှိ စာသင်ဆောင်နှင့် သင်ကြားရေးအထောက်အကူပြု အလုပ်ရုံများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် (၄၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆…
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိ…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုန…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တေ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂…
နောက်ဆုံးရသတင်းများ
တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
တောင်ငူ ဇန်နဝါရီ ၁၇ ==================== တောင်ငူမြို့၊ ကေတုမတီခန်းမ၌ ဇန်နဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ ယခု အခါတောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်အား ကိုဗစ်-၁၉ ရောဂါ မပြန့်ပွါးရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကြားမှ (၇)လတာကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံသား တစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား …
Read More »(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်း ကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
မိုးညို ဇန်နဝါရီ ၁၅ =================== (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံအတွင်းရှိ လူဦးရေ၏(၇၀)ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူ များဖြစ်ပြီး မြို့ပြနှင့်ကျေးလက် လူနေမှုဘဝ ကွာခြားမှုမရှိစေရေး ကျေးလက်လမ်း/တံတားနှင့် အခြေခံအဆောက်အဦများကို ဆောင် ရွက်ပေး လျက်ရှိကြောင်း၊ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားလာမှာဖြစ်သလို ဒေသဆိုင်ရာရင်းနှီး မြှုပ်နှံမှုတွေလည်း ဝင်ရောက်လာမှာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ ထွက်ကုန်သီးနှံကုန်ပစ္စည်းများ အချိန်တိုအတွင်း ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်လို့ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းနှင့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (ပထမအကြိမ်) ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲဖွင့်ပွဲနှင့် ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
ပဲခူး ဇန်နဝါရီ ၁၄ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၄) ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်တော် စွယ်တော်တိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသ ကွပ်ကဲရေးမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အဆိုပါ (ပထမအကြိမ်)ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ ဇန်နဝါရီလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဆရာတော်၊ သံဃာတော်အပါး (၃၀)မှ အလှည့်ကျရွတ်ဖတ် ပူဇော်လှူဒါန်းသွားမည်ဖြစ်ပြီး ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား၌ ပြည်မြို့တွင်း ဩဝါဒဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်များ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဆရာတော်များ၊ အမှုဆောင်အဖွဲ့ …
Read More »ပြည်ခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် ဇန်နဝါရီ ၁၄ ==================== ပြည်မြို့၊ သီရခေတ္တရာ၊ ရတနာမြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ ယခု အခါပြည်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်အား ကိုဗစ်-၁၉ ရောဂါ မပြန့်ပွါးရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကြားမှ (၇)လတာကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံသား တစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website