ဩဂုတ်လ ၂၆ ရက် ————————- ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနှင့်ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဘတ်ဂျက်ဖြင့်ဆောင်ရွက်သော Liquid Oxygen Tank Station တစ်ခုကို ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ စတင်တပ်ဆင်တည် ဆောက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Liquid Oxygen Tank Station ၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ Liquid Oxygenအား Oxygen Tank Station အတွင်းသို့ ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် Gas Oxygen ပြန်လည်ထုတ်လုပ်ပေးသော စနစ်ဖြစ်၍ ယခုတည်ဆောက်လျှက်ရှိသော Oxygen Tank Station၏ ဝင်ဆံ့မှုမှာ တန်ချိန်(၃၀)ဖြစ်ပြီး Gas Oxygen ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်ရက်လျှင် ၄၀လီတာအိုး (၁၆၀၀)ခန့်၊ တစ်နာရီခွဲလျှင် အောက်စီဂျင်(၄၀)လီတာအိုး အလုံး(၈၀)အထိ ထုတ်လုပ်ဖြည့်သွင်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွ…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းလယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
တောင်ငူ စက်တင်ဘာ ၃ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်…
ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဩဂုတ် ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဩဂုတ် ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြိ…
ကျေးလက်နေပြည်သူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များ စတင်ထူထောင်နိုင်ရေး ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် “စက်ချုပ်နည်းပညာ သင်တန်းများ” ဖွင့်ပွဲနှင့် ဖွင့်လှစ်ပြီးသင်တန်းများမှ ကျေးလက်နေပြည်သူ များအတွက် “ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ” အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေသွားရောက်ထောက်ပံ့
ဒိုက်ဦး ဇူလိုင် ၂၄ =================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက် နေ့၊ ည(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ လိုက်ပါလျက် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ၊ ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာနန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကုသနေမှုအခြေအနေနှင့် ဆေးရုံအတွက် အောက်စီဂျင်လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အောက်စီဂျင် လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေနှင့် အောက်စီဂျင်(၄၀)လီတာအိုး (၁၀)လုံးအား ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံထောက်ပံ့ခြင်း
ပဲခူး ဇူလိုင် ၂၄ =============================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ (၂၂)ဖွဲ့အား ထောက်ပံ့ငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပရဟိတအလုပ် သည် လူတိုင်းလုပ်ကိုင်နိုင်ရန်ခက်ခဲပြီး အချိန်နှင့်ဘဝ ပေးဆပ်နေရသည့် သူရဲကောင်းများဖြစ်သည့် အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ၌ ကျန်းမာရေးဝန်ထမ်းများနည်းတူ ရှေ့တန်းမှကာကွယ်နေရသည့် အသင်းအဖွဲ့များဖြစ်ကြောင်း၊ ပရဟိတသဘောသည် ပရ-အများ၊ ဟိတ-အကျိုးလို့ အနက်အဓိပ္ပာယ်ရသည့်အတွက် ပရဟိတ အသင်းအဖွဲ့များသည် အများအကျိုး၊ အများကောင်းကျိုး သယ်ပိုးထမ်းရွက်နေသူများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ကပ်ရောဂါဘေးအမျိုးမျိုးတို့တွင် ပရဟိတအသင်းအဖွဲ့များ၏ လုပ်ဆောင်မှုကဏ္ဍသည် ရှေ့တန်းမှပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ တိုင်းဒေသကြီး ကောင်စီအနေဖြင့် ပရဟိတအသင်းအဖွဲ့များကို …
Read More »ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၂၃ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ပြောကြားချက်များကို သိရှိစေရန်နှင့် မြို့နယ်အလိုက် ဆောင်ရွက်ချက်များကို သိရှိလို၍ မှန်မှန်ကန်ကန် တင်ပြပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် အသွင်ပြောင်း Delta Virus ရောဂါပိုးဖြစ်၍ ကူးစက်မှုအလွန်မြန်ကြောင်း၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများ ထပ်မံတိုးချဲ့ဆောင်ရွက်၍ ကုသမှုပေး နိုင်ရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း
ပဲခူး ဇူလိုင် ၂၁ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် KM Healthcare Myanmar Co., Ltd မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းသည်။ ရှေးဦးစွာ KM Healthcare Myanmar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာက လှူဒါန်းရခြင်း အကြောင်းအား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE Level(1) ဝတ်စုံ(၁၀၀၀)ခု၊ PPE Level(2) ဝတ်စုံ(၁၀၀၀)ခု၊ ဦးထုပ်(၁၀၀၀၀)လုံး၊ (၁၀၀၀)ခုတို့အား လှူဒါန်းပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်လွှာ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website