Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၉

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ စက်တင်ဘာလ(၂၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့်   ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၅) ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရုံးလုပ်ငန်းများဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချက်နှင့် အညီ ဆောင်ရွက်သွားရန်၊ မကြာမီ မိုးစပါးများ ရိတ်သိမ်းချွေလှေ့တော့မည်ဖြစ်၍ တောင်သူများ၏ စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မြို့နယ်အလိုက်အဓိကထား ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်တော့မည်ဖြစ်၍  မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စတင်တော့ဖြစ်မည်၍ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပစ္စည်းတင်ဒါများအား (၁/၂၀၁၇)ခုနှစ် တင်ဒါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်၊ ဆိုလာစနစ်ဖြင့် နွေစပါးရေရရှိရေး မြစ်ရေတင်စီမံကိန်းနှင့် ကျေးလက်ရေပေးဝေရေးစီမံကိန်းများအား Pilot Project အနေဖြင့် ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အဆင်သင့်ဖြစ်စေရေး စာသင်ကျောင်းများ သန့်ရှင်းရေး၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် ကျောင်းသုံးပရိဘောဂများ ပျက်စီးမှုများ ရှိပါက အချိန်မီပြင်ဆင်ထားကြရန်၊ မြို့နယ်အလိုက် ဆရာ/တကာကျောင်းများ ဆွမ်းနှင့်ဆွမ်းဟင်း ပြည့်စုံမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရမည့် မှတ်ပုံတင်၊ သန်းခေါင် စာရင်းနှင့် အိမ်ထောင်စုစာရင်းများအား အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံချက်များအား အသီးသီးတင်ပြခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဦးစီးဌာန တစ်ခုချင်းအလိုက် ဖြည့်စွက် ရှင်းတင်းခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။