ပြည် နိုဝင်ဘာ ၁၈ ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ လ(၈)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ သည်။ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲနှင့် နှစ်စဉ်ယှဉ်တွဲ ကျင်းပခဲ့ပြီး ပြည်မြို့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားလာပြည်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs ဒေသထွက်ကုန် အရောင်း ဆိုင်များ၊ လူသုံးကုန်နှင့် စားသုံးကုန် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ဈေးဝယ်သူများ/ဈေးရောင်းချသူများနှင့် ညစဉ်အထူးစည်ကားလျက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှု၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ စည်းကမ်းရှိမှု တည်ငြိမ်အေးချမ်းခြင်း ကိုလိုလားမှုနှင့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် အေးချမ်းအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်
ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ…
နောက်ဆုံးရသတင်းများ
ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည်အပူဇော်ခံပွဲ အောင်ပွဲ(၂)ရပ် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပြည် နိုဝင်ဘာ ၁၈ ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ နိုဝင်ဘာလ(၁၇) ရက်နေ့၊ ညပိုင်းအချိန်က (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ် စွယ်တော် ရင်ပြင်တော်ပေါ် လှည့်လည်အပူဇော်ခံပွဲ အောင်ပွဲ(၂)ရပ် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ခဲ့သည်။ ရှေးဦးစွာ အောင်ပွဲအခမ်းအနားအား “နမော တဿ ” (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်း အနားအား ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ပတ္တမြားစေတီတော်၊ မူလ ကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား ယာယီ ပုလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ် များက ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေး
ပြည် နိုဝင်ဘာ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရွှေဘုံသာရေလမ်းကောင်းမွန်မှုရှိစေရေး သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကမ်းထိုး ရေယာဉ်ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါရေယာဉ်ပေါ်တွင် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီမြစ်သည် အဓိကကုန်စည်စီးဆင်းရာ ရေလမ်းကြောင်းတစ်ခုဖြစ်ကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ရေလမ်း ကြောင်းအတိုင်း သွားလာနိုင်ရေး အသိပေးရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး သောင်တူးဖော်ယာဉ်သို့ တက်ရောက်၍ သောင်တူးဖော်နေသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ …
Read More »တန်ဆောင်မုန်းလပြည့်နေ၌ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ(နောက်ဆုံးနေ့)နှင့် နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၆ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ နိုဝင်ဘာလ(၁၅)ရက်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့၊ ညပိုင်းအချိန်က တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ(နောက်ဆုံးနေ့)နှင့် နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ ရွှေမော်ဓောဘုရားလမ်းအတိုင်း မီးစင်္ကြာဖြင့် လှည့်လည်ပူဇော်ခြင်း၊ မီးပုံးပျံအကြီးနှင့် မီးပုံပျံ အသေးများအား လွှတ်တင်ပူဇော်ခြင်းတို့အား ပြုလုပ်ခဲ့ရာ ပဲခူးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက် လည်ပတ်ကြသည့် ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် အဆိုတော်များ၏ တေးဂီတဖျော်ဖြေတင်ဆက်ခြင်းနှင့် တန်ဆောင်တိုင် ကာလ အတွင်း မြို့နယ်များမှ လာရောက်ပြသသည့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား အများ ပြည်သူလူထုမှ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လူသုံးကုန်၊ စားသုံးကုန်နှင့် အမှတ်တရ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ လူဦးရေ(၁၅၀၀၀) အား စတုဒီသာကျွေးမွေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့
ပဲခူး နိုဝင်ဘာ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ဝန်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဘုရားဖူးလာပြည်သူ လူဦးရေ(၁၅၀၀၀)အား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာ လာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website