နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ဈေးသားများ၏ စုပေါင်းစတုဒီသာ အလှူတော် ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၄ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ဈေးသားများ၏ စုပေါင်းစတုဒီသာ အလှူတော်ပွဲအား နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့မဈေးကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဆိုပါစတုဒီသာမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ပျော်ရွှင်စွာ လာရောက်သုံးဆောင်နေသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ သည်။ အဆိုပါ စုပေါင်းစတုဒီသာအလှူတော်ပွဲ၌ လူမျိုးမရွေး၊ ဘာသာမရွေး သုံးဆောင်နိုင်စေရန် ဘဲဥဟင်း၊ သီးစုံပဲဟင်းနှင့် ငါးခြောက်ကြော်တို့ဖြင့် လူဦးရေ(၅၀၀၀) ကျော်အား နံနက်(၇)နာရီမှ ညနေပိုင်းအထိ ကျွေးမွေးသွားမည်ဖြစ်ကာ စတုဒီသာ လာရောက်သုံးဆောင်သူ များအား တေးဂီတဖျော်ဖြေရေးဖြင့် ဧည့်ခံလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များနှင့် ရှမ်းအိုးစည်အဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၂ ===========        ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးစနစ်သစ်ဖြစ်သည့် KG+12ကို ပြောင်းလဲခဲ့တာ လာမည့်ပညာသင်နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ Grade-9နှင့် Grade-12 စနစ်သစ်ကြီးတစ်ခုလုံးကို သင်ရိုးသစ်များနှင့် ပြောင်းလဲနိုင်တော့မှာဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ဖြစ်စဉ်အရ တီထွင် ဖန်တီးသည့်အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလိုသင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချမှုသည် အင်မတန် အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊ သင်ယူမှူဖြစ်စဉ် သင်ယူမှုတြိဂံအရ (Practice doing) လို့ခေါ်သည့် လေ့ကျင့်လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့် အကြောင်းအရာ၏(၇၅%)ကျော်ကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်သများက ရရှိကြမှာဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ …

Read More »

မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးကောက်ယူခြင်း ဆိုင်ရာအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသား ကတ်များ ဖောင်းပွခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲတွင် အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Server မှ ပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေ အမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် …

Read More »

၂၀၂၂ ခုနှစ်၊ ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့(၁၃)မှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သက်တော်ကြီးရင့်တော်မူကြသည့် ဆရာတော် ကြီးများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းများ သက်တောင့်သက်သာ သွားလာနိုင်ရေး ရွေ့လျားစက်လှေကား၊ ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို မြို့မိ/ မြို့ဖများ၊ …

Read More »

ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၁၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သေတပန် သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ လက်တွဲ ပူးပေါင်းနေထိုင်သွားကြမည်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/ တိုင်းဒေသကြီး အသီးသီးက …

Read More »