ရွှေကျင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ
တည်နေရာ၊ အကျယ်အဝန်း
၁။ ရွှေကျင်မြို့နယ်သည် မြောက်လတ္တီတွဒ် (၁၇)ဒီဂရီ(၅၅)မိနစ်မှ (၁၈)ဒီဂရီ(၁၄) မိနစ်အကြား အရှေ့လောင်ဂျီတွဒ်( ၉၆) ဒီဂရီ (၄၄)မိနစ် မှ (၉၇) ဒီဂရီ(၁၄)မိနစ် အကြားတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၉၄၅.၄၄ )မိုင်၊ ဧရိယာ (၆၀၅၀၈၄)ဧက ကျယ်ဝန်းပြီးရပ်ကွက်(၈)ခု၊ ကျေးရွာအုပ်စု (၃၁)အုပ်စု၊ ကျေးရွာခွဲ (၈၂)ရွာဖြင့် ဖွဲ့စည်းထားပါသည်။ နယ်နိမိတ်ထိစပ်မှုအနေဖြင့် ရွှေကျင်မြို့နယ်၏ မြောက်ဘက်တွင် ကျောက်ကြီးမြို့နယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ တောင်ဘက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အနောက်ဘက်တွင် ညောင်လေးပင်၊ ကျောက်တံခါး၊ ဝေါမြို့နယ်တို့နှင့်နယ်နိမိတ်ဆက်စပ်လျှက်ရှိပါသည်။